ဗိုလ်နေ၀င်းမျိုးစေ့ချ၍ ပျိုးထောင်ခဲ့သောစစ်အာဏာရှင် သည် မြန်မာနိုင်ငံတွက် ယခုအခါ အရွက်ဖားဖား အသီးတဝေေ၀ဖြင့် စိန်းလန်း ရှင်သန်လျှက် ရှိချေသည်။တော်လှန်ရေးးကောင်စီ ၊မဆလ၊န၀တ၊နအဖ ဟူသော မျက်နှာဖုံး အမည်များ ပြောင်းခဲ့ သော်လည်း အတွင်းသရုပ် စစ်စစ်ကား ရက်စက်ယုတ်မာသည့် စစ်အာဏာရှင်စနစ် သာဖြစ်ပေသည်။ ပြည်သူလူထုထံမှ နိုင်ငံ တော်အာဏာကို လက်နက်အားကိုးဖြင့် ဗိုလ်ကျ အနိုင်ကျင့် လုယူုခဲ့ခြင်းကို နိုင်ငံအား ချောက်ကမ်းပါး ထဲ ကျမည့်အရေးမှ
ကယ်တင်ခဲ့ခြင်း ဖြစ်သည်ဟု အသံကောင်းဟစ်လျှက် ယ္ခုတိုင် ကျွန်ပြု အုပ်ချုပ်နေသည်မှာ နှစ်ပေါင်း (၄၇)နှစ် ကျော်ခဲ့ပေပြီ။
ဗိုလ်သန်းရွှေသည် ဗိုလ်စောမောင်မှ တဆင့် ၎င်းအဆိပ်ပင်ကြီးကို လက်ပြောင်းရယူကာ ရေ လောင်း ပေါင်းသင် ဖွံ့ထွား စည် ပင် စေခံသည်။ဓါးပြ ဥယာဉ်မှူးပင် ဖြစ်တော့သည်၊ တနည်း ဆိုရ သော် အဆိပ်ပင်မှ သီးအပ်သော အဆိပ်သီးတစ်လုံးသာ ဖြစ်ပေသည်။ ယနေ့ ဗိုလ်သန်းရွှေ၏ နောက်တွင် တန်းစီလျှက် တိုင်းပြည်အား အနုကြမ်းစီးရန် ၊အာဏာ ဓါးပြ တိုက်ရန် မိမိတို့ အလှည့်ကိုစောင့်မျှော်လျှက် စီမံကိန်းချ မိပ်မက် မက်နေကြကုန်သော ဗိုလ်ချုပ်မှူး ကြီးငယ်တို့ကား အပုပ်ကောင်ပေါ်၌ ပျံဝဲ နေသော လင်းတ များသဖွယ်သာ ဖြစ်ပေသည်။
စစ်အာဏာရှင်ယန္တယားကြီးလည်ပတ် မောင်းနှင်နိုင်ရန် ထောက်ကူပေးလျှက်ရှိသော အစိုးရ အဖွဲ့ ဝင်များ၊ စစ်တပ်၊ထောက် လှမ်းရေး၊ ရဲ၊ကြံ့ ဖွံ့ ၊ စွမ်းအားရှင်တို့ကား ထိုအဆိပ်ပင်မှ အဆိပ်သီးများ သာဖြစ်ပေသည်။ ဖွတ်မိချောင်းဖြစ်တော့ မြစ်မချမ်း သာ ဆိုသလို လူယုတ်မာ အဆိပ်သီးတို့ ကြီးပွါး အာဏာရသောအခါ လူကောင်း သူကောင်း ရဟန်းရှင်လူတို့ အတိ ဒုက္ခ ရောက်ကြရပေသည်။ ယနေ့ မြန်မာပြည်ကား ကောသလ္လ အိမ်မက်၏ပြယုဂ် ပင်ဖြစ်တာ့သည်။
အဆိုပါ အဆိပ်သီးတို့ မြန်မာ ပြည်အား ဖွတ်ကျော ပြာစု၊ ဆင်းရဲတွင်းထု နက်သည်ထက် နစ်အောင်ဖျက်ဆီး လုယက်နေကြ သည်မှာ မမြင်ဝံ့ အောင်ပင် ရှိချေသည်။ နိုင်ငံတော်အား ဘိုးမွေ ဘမွေ သဖွယ် စုတ်ဖြဲရောင်းစားနေကြသည်မှာ အပုပ်ကောင် ကို လင်းတများ ဆွဲနေ ဘိသကဲ့သို့ အော့နှလုံး နာစရာကောင်းလှသည်။
အဆိပ်သီးတို့ထဲတွင် အချို့ကား ခေတ်ပညာတတ်လျှက် မိုက်မဲ သူများ ဖြစ်သလို၊ အချို့ကား ဘ၀ရပ်တည်ရေးနှင့် တခြားရွေး စရာ မရှိဟု ထင်မြင်လျှက် မှားမှန်းသိပါသော်လည်း ဆက်မိုက် နေသူများ ပါဝင်ကြသည်၊ မည်သို့ပင်ဖြစ်စေ အဆိပ်ပင်မှ အဆိပ်သီးများလျှင်ဖြစ်တော့သည်။
ယနေ့ မြန်မာ ပြည်တွင် လာဘ် လာဘ ယူခြင်း၊ ပြည်သူပိုင်ပစ္စည်း ခိုးယူခြင်း၊ အခွင့် အာဏာ အလွဲ သုံးစား ပြုခြင်းတို့သည် တရားဝင် လုပ်ငန်းသဖွယ် ဖြစ်လာခဲ့ပေပြီ။ စာရေးသူတို့ ငယ်စဉ်က လာဘ်စားမှု ဆိုသည်မှာအရပ်ထဲ လူပုံအလယ်တွင် မျက် နှာမဖော်ဝံ့သော ရှက်စရာ ကိစ္စများ ဖြစ်၏။ ထိုခေတ်တွင် အရှက်တရား၊အကြောက်တရား၊ဟီရိသြတပ္မ တရား တို့ ရှိကြပေ သေးသည်။နအဖ ခေတ်တွင်ကား လာဘ်လညဘ ယူရဲသူ၊တိုင်းပြည်ဘဏ္ဍာ ခိုးဝံ့သူတို့ မျက်နှာ ပွင့်ကြသည်။ ဂုဏ်ယူဝံ့ကြွားလျှက် ရှိကြပေသည်။ အသိတရာါ်၇ှိသည့်လူကောင်း သူကောင်းတို့ အောက်တန်း နောက်တန်း ကျလျှက်ဆင်းရဲ နိမ့်ပါးကြရကုန်၊ မျက်နှာငယ်ကြရ ကုန်ပေသည်။ထိုအဆိပ်သီးများအား မှီလျှက် ရှင်သန်နေထိုင်ကြကုန်သော ၀ိသမလောဘ စီးပွါးရေးသမားများ၊ အစိုးရ၀န်ထမ်းပျက်များ၊ အတုအယောင်အသင်းအပင်းအဖွဲ့ အစည်းများတို့ကား ကပ်ပါးမျောက်များသာ ဖြစ်ပေသည်။ ထိုထိုသော မျောက်တို့ပင်လျှင် အဆိပ်ရွက် အဆိပ်သီးတို့ကို စားသုံးပျော်ပါးရမ်းကားလျှက် တိုင်းပြည်၏ ဘဏ္ဍာ များ၊ ပြည်သူပိုင် ပစ္စည်းများဖြင့် ကြီးပွါးချမ်းသာ မော်ကြွားလျှက် ရှိကြသည်။ ခိုးသားဓါးပြ အာဏာပိုင်တို့ကအား ပေါင်းသင်း ကပ်မြှောင်၍ မယူထိုက်သော အများပိုင်ပစ္စည်းများကို မိမိအရည်အချင်းရှိ၍ ရလေဟန် ဖြင့် အရှက်အကြောက် ကင်းစွာ စံစား နေထိုင်လျှက် ရှိကြကုန်သည်။ ပြည်တွင်း၌၎င်း ၊ နိုင်ငံ ရပ်ခြားများသို့၎င်း ခိုးရာပါပစ္စည်းများကို ရင်းနှီးမြှုပ်နှံလျှက် ဖျောက်ဖျက် ဖုံးကွယ် ရန်ကြိုးစား နေကြလေသည်။
သူတို့၏ အသွင်သဏ္ဍာန်၌ကား ခုတ်ထစ် လှီးဖြတ် စးသောက်ခြင်းဖြင့် ချိုသောအပိုင်းများကို ကိုယ့်ဖို့ ရွေးဖယ်ထားပြီး ခါးသော အပိုင်းများကိုမူ အားကိုးရာမဲ့နေသာ ဆင်းရဲသားပြည်သူတို့အတွက် ထားရစ်နိုင်သော စိတ်နှလုံးများ ရှိကြပေကုန်၏။မြတ်စွာ ဘုရားရှင်ဟောကြားတော်မူအပ်သော တရားဖြစ်သည့် ကံနှင့် ကံ၏အကျိုဒကား အမှန်တကယ်ရှိပေသည်။ အဆိပ်ပင် ဥယျာဉ် မှူး၊အဆိပ်သီးများ ၊မျောက်အပေါင်းတို့ ၏ ပြုအပ်သော အကုသိုလ်ကံများ၏ အကျိုးများကား မုချလာနေဆဲ၊ လာလတ္တံ့ လည်းဖြစ် ပေသည်။ အခြေအနေ အချိန်အခါ အကျိုးပေးသင့် ကြုံလာခဲ့သော် ၎င်းကံအကျိုး တရား တို့သည် လက်ငင်း ဘ၀တွင် သော်၎င်း၊ နောင်ကာလ ဘ၀များတွင်သော်၎င်း၊ ဧကန်မလွဲ အကျိုးပေးကြပေလိမ့်မည်။ ရဟန်းရှင်လူပြည်သူတရပ်လုံး၏ အနာ ဂါတ်ဘ၀များ၊ အသွေး အသား အသက်များ၊ သောကမျက်ရည်တို့ဖြင့် လမ်းခင်း၍ ရအပ်သော ကြီးပွါးချမ်းသာမှုကို ခံစားနေ ကြသူတို့ကား အဆိပ်နှင့် သံသွေ သံခဲ မျိုချနေသောလူမိုက်တို့နှင့်သာ တူကုန်၏၊
အမှား ပြုတတ်ကြသည်မှာ ဓမ္မတာဖြစ်၏၊ အမှားကိုသိ၍ အချိန်မှီ အမှန်ဘ၀သို့ ပြုပြင် ပြောင်းလဲမှသာ လူပီသ၏၊ လူကောင်း ဘ၀သို့ ရောက်နိုင်ရာ၏၊ ထို့ကြောင့် မြန်မာပြည်သားတိုင်း အဆိပ်သီးတစ်လုံး၊ ကပ်ပါးမျောက်တစ်ကောင် မဖြစ်ပါစေကြောင်း တိုက်တွန်း ဆုတောင်းလိုက်ရပေသည်။
လောကပါလ မောင်ကောင်းချစ်
၁၉။၎။ ၀၉
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment