တိုက်တန်းနစ် သင်္ဘောမှ နောက်ဆုံး အသက်ရှင် ကျန်ရစ်သူ အဖွားအို အသက် (၉၇) တွင် ကွယ်လွန်

.





1/Jun/2009






သမိုင်းတွင်သော တိုက်တန်းနစ် သင်္ဘောကြီး နစ်မြုပ်စဉ်က အသက်ရှင်ကျန်ရစ်ခဲ့သူများထဲမှ နောက်ဆုံး
ပုဂ္ဂိုလ်သည် အသက် ၉၇ နှစ်အရွယ်တွင် အင်္ဂလန်နိုင်ငံ ဟမ့်ရှိုင်းယားပြည်နယ် သက်ကြီးရွယ်အိုများစောင့်ရှောက်
ရေးဌာနတွင် တနင်္ဂနွေနေ့က ကွယ်လွန်အနိစ္စရောက်သွားခဲ့သည်။ တိုက်တန်းနစ် သင်္ဘောကြီးကို အင်္ဂလန်နိုင်ငံ
ဘဲလ်ဖတ်စ်မြို့ သင်္ဘောကျင်းတွင် တည်ဆောက်ပြီးနောက် ၁၉၁၂ ခု ဧပြီလ ၁၅ရက်နေ့တွင်ဆောက်သန်တန်မြို့
မှ အတိလန္တိတ်သမုဒ္ဒရာကိုဖြတ်၍ အမေရိကသို့ သွားရောက်သည့် သူမ၏ ပထမဆုံးခရီးစဉ်တွင် ရေခဲတုံးကြီးတစ်
ခုနှင့် တိုက်မိ၍ ကွဲအက်နစ်မြုပ်သွားခဲ့သည်။ သင်္ဘောပေါ်သို့ အသက်ကယ်လှေ လုံလောက်စွာမထားရှိသဖြင့် လူ
ပေါင်း ၁၅၁၇ ဦးခန့် သေဆုံးခဲ့သည်။ ထိုအချိန်တွင် မီဗီနာဒင်းသည် ရက်သတ္တကိုးပတ်အရွယ်သာရှိပြီးမိဘနှစ်ပါး၊
အစ်ကိုတို့နှင့်အတူ သင်္ဘောနှင့် လိုက်ပါသွားခဲ့သည်။ သင်္ဘောနစ်စဉ် သူမ၏ဖခင် ပျောက်ဆုံး၍ မိခင် ၊ အစ်ကိုနှင့်
သူမတို့ အသက်ချမ်းသာရာ ရခဲ့သည်။ သူမ၏ဘ၀ကို ဆောက်သန်တန်မြို့တွင် အချိန် ကုန်လွန်စေခဲ့သည်။ သူမ
သည် သနားကြင်နာတတ်၍ ဟာသဥာဏ်ရွှင်သူလည်းဖြစ်သည်။ တိုက်တန်းနစ်သင်္ဘောကြီးအကြောင်းကို မမော
နိုင်မပန်းနိုင် လှည့်လည်ဟောပြောသူလည်းဖြစ်သည်။ (ဘီဘီစီ)



0 comments: