5/30/2009
မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦးကို ခိုးဝင်လာစဉ် ဖမ်းမိသဖြင့် ဘင်္ဂလာရိုင်ဖယ်( ဘီဒီအာရ်) တပ်ဖွဲ့မှ မြန်မာနိုင်ငံသို့ ယနေ့တွင် ပြန်လည်နှင်ထုတ်လိုက်သည်။
တက်ကနက်မြို့ အခြေစိုက် အမှတ် (၄၂) ဘီဒီအာရ် တပ်ရင်းမှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး အဘဒူလ် ခါလစ်မှ အဆိုပါ နှင်ထုတ်လိုက်မူကို အတည်ပြု ပြောကြားလိုက်ပြီး နှင်ထုတ်ခံရသူများအထဲတွင် အမျိုးသမီး ၁၀ ဦး၊ ကလေး ၂၀ ဦးနှင့်
ကျန်သူများမှာ အမျိုးသားများ ဖြစ်သည်ဟု ပြောသည်။
ထိုအထဲမှ ၄၅ ဦးကို တက်ကနက်မြို့ မြောက်ဘက်တွင် တည်ရှိသော နတ်တောင်ခြေရင်းမှ မြန်မာဘက်ကို နှင်ထုတ်လိုက်ပြီး ကျန် ၇ ဦးကို ခေါင်းတုံး- တောင်ပြို နယ်စပ်ဖြတ်ကျော်လမ်းမှ တဆင့် ပြန်လည် နှင်ထုတ်လိုက်သည်ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မှ မူဆလင်များမှာ စီးပွားရေး ကျပ်တည်းပြီး အလုပ်အကိုင် အဆင်မပြေသည့် အပြင် နစကများက နှိပ်စက်သည်ဟု ဆိုကာ နယ်စပ် ဖြတ်ကျော်လမ်းများမှ တဆင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ တရားမ၀င် ၀င်ရောက်နေကြသည်။
ဘင်္ဂလာနယ်စပ်စောင့် တပ်ဖွဲ့များကလည်း အဆိုပါ ဖြတ်ကျော်လမ်းများကို ယခုအခါ တင်းတင်း ကျပ်ကျပ် ပိတ်ဆို့ထားပြီး ၀င်ရောက် လာသူများကို ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့နေသည်။
လွန်ခဲ့သော နှစ်ပတ်ခန့်က အဆိုပါ ဖြတ်ကျော် လမ်းများကဆင့် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား မူဆလင် ၁၀၀၀ ကျော်ကို ဘင်္ဂလာက ပြန်လည်၍ နှင်ထုတ်ခဲ့ရသည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များ ကို ကိုးကားပြီး ဘင်္ဂလာ သတင်းစာများက ရေးသားဖေါ်ပြ ကြသည်။
အဆိုပါ မူဆလင်များ တဘက်နိုင်ငံကို ထွက်ပြေးလာသည့် ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာ နယ်စပ်တာဝန်ရှိသူများ တစုံတရာ ထုတ်ဖေါ်ပြောကြားခြင်း မရှိသလို အရေးတယူ ဆောင်ရွက်ခြင်း လည်း မရှိကြောင်း ပြူးမကျေးရွာမှ ရွာလူကြီး တဦးကပြောသည်။
တရားဝင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းနှစ်ခုမှ မြန်မာနိုင်ငံမှ မူဆလင် ဒုက္ခသည်များကို ပြန်ပို့ နိုင်ရေး ဘင်္ဂလာအစိုးရမှ ကြိုးပမ်းနေချိန်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည်များ ထပ်မံပြီး ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်လာသဖြင့် ယခုကဲ့သို့ နှင်ထုတ်နေရခြင်းဖြစ်သည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment