မားစ်ဂြိုဟ်အားလေ့လာမည့် တရုတ်နိုင်ငံ၏ ပထမဆုံးအာကာသယာဉ် Yinghuo-1 ကို ယခုနှစ် ဒုတိယ
ပိုင်းတွင် လွှတ်တင်ရန်ရှိသည်ဟု ရှန်ဟိုင်း အကယ်ဒမီမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောဆိုသည်။ ရှန်ဟိုင်း
နိုင်ငံတကာ အာကာသနည်းပညာပြပွဲတွင် ၎င်းအာကာသယာဉ်၏ပုံစံကို ပြသထားသည်။ ၎င်းလေ့လာရေး ယာဉ်
အား ရုရှ၏ဒုံးပျံဖြင့် သယ်ဆောင်မည်ဖြစ်သည်။၎င်းယာဉ်သည် ၇၅ cm ရှည်၍ ၁၁၅ kg လေးသည်။ယာဉ်၏သက်
တမ်းမှာ ၂နှစ်ဖြစ်သည်။ လေ့လာရေးယာဉ်သည် မားစ်ဂြိုဟ်မှ မည်သည့်အတွက် ရေ ပျောက်ကွယ်သွားသည်ကို
စူးစမ်းလေ့လာမည်ဖြစ်သည်။ (ဆင်ဟွာ)
0 comments:
Post a Comment