မလေးရှားတွင် နာမည်ကျော် စူပါ မားကတ်ဟောင်း တစ်ခု ပြိုကျ





29/May/2009






မလေးရှားနိုင်ငံ ဆီလန်ဂေါမြို့ရှိ Petaling Jaya အရပ်တွင် ယမန်နေ့က မွမ်းမံဆဲ အဆောက်အအုံ
ဟောင်းတစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံး၍ အခြားလူ ၆ ဦး အပျက်အစီးများအောက်ပိတ်မိနေ
ကြောင်းသိရသည်။ လေးထပ်အမြင့်ရှိ Jaya စူပါမားကတ်ဟောင်း အဆောက်အအုံ မြေညီထပ်၌ အင်ဒိုနီးရှားလုပ်
သမားကိုးဦးက ပြင်ဆင်မွမ်းမံမှုများပြုလုပ်နေစဉ် မတော်တဆပြိုကျမှုဖြစ်ပွားခဲ့သော ယင်းဖြစ်ရပ်၌ အပျက်အစီး
များအောက် ပိတ်မိနေသူ နှစ်ဦးကို တွေ့ရှိကယ်တင်နိုင်ခဲ့သည်။ အဆိုပါအဆောက်အအုံ၏လေးပုံတစ်ပုံခန့် ပြိုကျ
ပျက်စီးခဲ့ကြောင်း လေ့လာသုံးသပ်သူများကဆိုသည်။ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်
နေဆဲဖြစ်သည်။ (စီအန်အေ)



0 comments: