ဗြိတိန်နိုင်ငံမှ အသက်(၁၃)နှစ်သားမှာ ကလေးအဖေအစစ်မဟုတ်ဟုဆို

.
Posted on May 20 09
ဗြိတိန်နိုင်ငံမှ အသက်(၁၃)နှစ်သားမှာ ကလေးအဖေအစစ်မဟုတ်ဟုဆို



အသက်(၁၃)နှစ်ဖြင့် ကလေးအဖေ ဖြစ်ခဲ့သည်ဆိုသောကြောင့် ဗြိတိန်နိုင်ငံတ၀ှမ်း တုန်လှုပ်ခဲ့ရသည့် အဲလ်ဖီးပက်တန်မှာ DNAစစ်ဆေးမှုများအရ ကလေးအဖေ အစစ်မဟုတ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ဖေဖော်ဝါရီလအတွင်းက မေဆီရော့ဆယ်နီအမည်ရှိ သမီးလေးကို မွေးဖွားခဲ့ချိန်တွင် အဲလ်ဖီးမှာ အသက်(၁၂)နှစ်ကျော်သာ ရှိသေးပြီး ၎င်း၏ချစ်သူ ချန်တယ်လာစတိဒ်မန်းမှာ အသက်(၁၅)နှစ်သာ ရှိသေးသည်။ အဲလ်ဖီးကိစ္စကြောင့် ဗြိတိန်နိုင်ငံအတွင်း ကလေးငယ်များ၏ လူနေမှုအတွက် ပြင်းထန်သော ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကိုယ်တိုင် အဆိုပါကိစ္စအား ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ရသည်။ သို့သော်လည်း ယခုအခါတွင် (၃)လသမီးအရွယ် ရှိနေပြီဖြစ်သည့် မေလီလေး၏ ဖခင်အရင်းသည် အဲလ်ဖီးမဟုတ်ကြောင်း DNAစစ်ဆေးမှုများဖြင့် ဖော်ထုတ်နိုင်ခဲ့သည်။

Alfies

( ကလေးငယ်နှင့်အတူတွေ့ရသည့် အဲလ်ဖီးနှင့် ချန်တယ်လာစတိဒ်)

တအရှေ့ဆက်ဆက်စ်ခရိုင် ကောင်စီက ထိုသတင်းကို အတည်ပြုလိုက်ပြီး မေဆီသည် ချန်တယ်လာနှင့် အခြားပုဂ္ဂိုလ်တစ်ဦး ပေါင်းသင်းဆက်ဆံရာမှ ရရှိခဲ့သည့် ကလေးသာဖြစ်ကြောင်း သိရှိရသည်။ ထို့နောက်ပိုင်းတွင် မေဆီလေးမှာ ၎င်းတို့၏သမီး ဖြစ်ပါသည်ဟု လာရောက်ဝန်ခံသည့် ဆယ်ကျော်သက် အမျိုးသား အတော်များများကို DNAစစ်ဆေးကြည့်သော်လည်း ဖခင်အစစ်ကို လုံးဝမတွေ့ရသေးကြောင်း ခရိုင်ကောင်စီက ဆိုသည်။ အထက်တန်းတရားသူကြီး ဘာရွန်းက သူမအနေနှင့် အဲလ်ဖီး၊ ချန်တယ်လာနှင့် မေဆီတို့၏သတင်းများ တကျော့ပြန် ပြန့်နှံ့လာမှုအတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောကြားခဲ့သည်။ အဲလ်ဖီးသည် ကလေး၏ ဖခင်ရင်းမဟုတ်ကြောင်းကို တရားသူကြီးများက မတ်လအတွင်းကတည်းက ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ထိုသတင်းကို ကြားသည့်အချိန်တွင် အဲလ်ဖီးတစ်ယောက် ဆောက်တည်ရာမရ ဖြစ်ခဲ့ရှာကြောင်း တရားသူကြီးတစ်ဦးဖြစ်သည့် အီလာနော်ကင်းက ထုတ်ဖော်ပြောဆိုသွားသည်။ အဲလ်ဖီးသည် ယခုအခါ ၎င်း၏မိခင်ဖြစ်သူ အသက် (၄၃)နှစ်အရွယ် နီကိုလာနှင့်အတူ အရှေ့ဆက်ဆက်စ်ရှိ အက်စတာဘောင်းတွင် ဆက်လက်နေထိုင်နေဆဲဖြစ်ပြီး ကလေးမှာ ၎င်းနှင့်အတူ ရှိနေဆဲဖြစ်သည်။ ချန်တယ်လာမှာမူ မိဘအိမ်သို့ ပြန်နေသော်လည်း အဲလ်ဖီးတို့အိမ်သို့ မကြာခဏ ပြန်လာလည်တတ်ကြောင်း အိမ်နီးချင်းများက ပြောကြားခဲ့သည်။



0 comments: