ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပမှ ဝင်ရောက်လာသော ခရီးသည်များကို ဝက်တုပ်ကွေး ရောဂါ၊ ရှိမရှိ စစ်ဆေးလျက်ရှိ

.

30/Apr/2009


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေကြောင်းခရီးဖြင့် ဝင်ရောက်လာသော ပြည်ပမှခရီး
သည်များတွင် ဝက်တုပ်ကွေးရောဂါပါရှိလာခြင်းရှိ၊ မရှိကိုစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ စစ်ဆေးမှု
များကိုဧပြီလ ၂၉ရက်နေ့မှ စ၍ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး
ဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဝက်တုပ်ကွေး ရောဂါကို

ကိုယ်အပူချိန်တိုင်း ကိရိယာ(Thermal Scanner)ဖြင့်တိုင်းတာစစ်ဆေးကြောင်းသိရှိရသည်။“Thermal Scanner
နဲ့ ပြည်ပကဝင်လာတဲ့ခရီးသည်တွေကို စစ်ဆေးနေပါတယ်။ Thermal Scanner က ဗီဒီယို ကင်မရာလိုပဲ ချိန်ပြီး
ကိုယ်အပူချိန်ကို တိုင်းရတာဖြစ်ပါတယ်။ ကိုယ်အပူချိန် ၃၈ ဒီဂရီရလို့ အမှတ်နီပြလိုက်တာနဲ့ သူ့ကို ဝက်တုပ်ကွေး
ကြောင့်လား၊ တခြားကြောင့်လားဆိုပြီးစစ်ဆေးပါမယ်” ဟုလေကြောင်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန မှ
တာဝန်ရှိသူတစ်ဦးကပြောပြပါသည်။ ထို့ပြင် ၄င်းကပင် ဆက်လက်၍ “ဒီရောဂါက မက္ကဆီကို နိုင်ငံကနေ စဖြစ်တဲ့
အတွက် မက္ကဆီကိုနဲ့နီးတဲ့နိုင်ငံတွေက ခရီးသည်တွေ အဓိကကUnited State ပေါ့။ ဒီခရီးသည်တွေအစီးများတဲ့
လေကြောင်းလိုင်းတွေကို အဓိကထားစစ်ဆေးပါမယ်။ China Airway, TG, Silk Air စတဲ့လေကြောင်း လိုင်းတွေ
ပေါ့နော်။ မြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြားသားခရီးသည်တော်တော်များများကလည်း ဒီလေကြောင်းလိုင်းတွေနဲ့တ
ဆင့်ခံပြီး လာကြတာများတယ်လေ။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ ချိတ်ဆက် ပျံသန်းနေတဲ့ နိုင်ငံတကာ လေကြောင်း
လိုင်းတွေက မည်သည့်ခရီးသည်မဆို ဒီကိုရောက်တာနဲ့ ဝက်တုပ်ကွေးရောဂါစစ်ဆေးသွားမှာဖြစ်ပါတယ်”ဟုပြော
ပြခဲ့ပါသည်။ ထိုသို့စစ်ဆေးမှုများပြုလုပ်စဉ် ဝက်တုပ်ကွေးရောဂါရှိနေသူအား တွေ့ရှိပါကမြောက်ဥက္ကလာဝေဘာဂီ
ဆေးရုံသို့ တက်ရောက်ကုသပေးမည်ဖြစ်ကြောင်း ၂၀၀၉ခုနှစ် မေလ ၁ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်
တွင်ဖော်ပြထားပါသည်။

0 comments: