သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မှုကြောင့် ပျက်စီးခဲ့ရသော သစ်ပင်များပြန်လည် အစားထိုးနို်င်ရန် လျော်ကြေးငွေများ တောင်းခံ လျက်ရှိ

.
.
ဖိုးလပြည့်ရဲ့မဏ္ဍပ်တော့ မပါဘူးထင်ပါတယ်


30/Apr/2009

E-Mail this article Printable Version

ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်စဉ် ကာလက
သစ်ပင်များ ပျက်စီးသွားခဲ့ရကြောင်းသိရသည်။ အဆိုပါပျက်စီးသွားခဲ့သည့်သစ်ပင်များကိုပြန်လည်အစားထိုးဖြည့်

စွက်စိုက်ပျိုးနိုင်ရန် မဏ္ဍပ်ဆောက်လုပ်သူများထံမှ သစ်ပင်အရွယ်အစားအလိုက် လျော်ကြေးငွေများ ကောက်ခံ
လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ ဌာနမှူး
ဦးညွန့်ဖေ၏ ပြောပြချက်အရသိရှိရသည်။ ကမ္ဘာအေးစေတီလမ်းတလျှောက်ရှိ မဏ္ဍပ် ၁၀ခုဆောက်လုပ်မှုကြောင့် သစ်ကိုင်းသစ်ခက်များနှင့်အခြားအစိတ်အပိုင်းများ ပျက်စီးခဲ့သောသစ်ပင်အရေအတွက်၂၉ပင်ရှိနေပြီးငုဝါ၊စိန်ပန်း၊
ရေတမာနှင့် ကုက္ကိုပင် တို့ပါဝင်ကြောင်းသိရသည်။ ထို့ပြင်ရာသီပန်းနှင့် အလှပန်းအမျိုးအစားဖြစ်သောဗုဒ္ဓသရဏံ
ပင် ၇၂၀၊ နှဲလေးပင် ၅၀၀နှင့် ဒန်းပန်း ၅၀၀အပါအဝင်မြက်ခင်းအချို့လည်းပျက်စီးခဲ့ရကြောင်းသိရှိရသည်။လျော်
ကြေးငွေများတောင်းခံရာတွင် ကိုးလက်မအရွယ်အပင်ငယ်တစ်ပင်လျှင် ကျပ် ၂၀၀၊ တစ်ပေနှင့် နှစ်ပေအရွယ်ရှိ
အပင်တစ်ပင်လျှင်ကျပ် ၂၅၀၊ နှစ်ပေနှင့် လေးပေကြားရှိ အပင်တစ်ပင်လျှင် ကျပ် ၅၀၀ ဖြစ်ပြီး လေးပေမှခြောက်
ပေအရွယ်အကြားရှိ အပင်တစ်ပင်လျှင် ကျပ် ၇၅၀၀နှင့် ၁၀ပေအထက် အပင်ကြီးများအား ကျပ် ၁၅၀၀၀ဟူ၍
လျော်ကြေးကောက်ခံသည့်အပြင် ဒဏ်ကြေးကိုပါ လျော်ကြေးနှင့် အတူတစ်ပါတည်းကောက်ခံနေသည်ဟု ၂၀၀၉
ခုနှစ် မေလ ၁ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။


0 comments: