ဒါ ဟုတ်မဟုတ်ဆိုတာကို ကိုယ်ဖာသာကိုယ် ဓါတ်ပုံနဲ့ ဗီဒီယိုကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်။ ဒါကတော့ အမေရိကန်နိုင်ငံသူ Denna Smith ကတော့ သူမြင်တွေ့ခဲ့ရတာတွေကို ပြောပြသွားခဲ့တာပါ။ Kings Dominion theme ပန်းခြံ ကောင်းကင်ပေါ်က ရွေ့လျားနေတဲ့ စက်ဝိုင်း ပုံသဏ္ဍာန်အရာဝတ္တုကိုတော့ သူမ ကင်မရာနဲ့ အမိအရဖမ်းယူနိုင်ခဲ့တာပါဘဲ။ ဒီကိစ္စကို တရားဝင်မသတ်မှတ်ဘဲ ဒါဟာ ပန်းခြံနဲ့ သိပ်မဝေးတဲ့ မီးတောင်တစ်ခုက မီးခိုးတွေကြောင့် ဒါမျိုးထင်ကျန်ခဲ့တာဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ ဒါတကယ့် အဝိုင်းပုံသဏ္ဍာန်အရာဝတ္တုပါ မီးခိုးကြောင့်ဖြစ်ပေါ်လာတဲ့ ပုံတွေမဟုတ်ပါဘူး၊ ကျွန်မတို့ ဒီအရာဝတ္တုက ဘာနဲ့တူသလဲဆိုတာ တအံ့တသြနဲ့အားလုံးရပ်ကြည့်ခဲ့ကြတာပါ လို့ Ms Smith ပြောကြားခဲ့ပါတယ်။ Ms Smith ဟာ သူရိုက်ကူးထားတဲ့ ဗီဒီယိုကို Youtube ပေါ်တင်လိုက်တဲ့အခါ တစ်ပါတ်အတွင်းမှာတင် ထင်မြင်ချက်ရေးသူပေါင်း အယောက် ၃ဝဝဝဝဝ ကျော်ခဲ့ပြီး အမေရိကန်နိုင်ငံ CNN သတင်းဌာနရဲ့ သတင်းအဖြစ် ကောက်ယူခဲ့ခြင်းကိုခံခဲ့ရပါတယ်။ ပန်းကန်ပြားပျံ လေ့လာသူ Cameron Pack ကတော့ Ms Smith's ရဲ့ ဗီဒီယိုဟာ အမှန်တကယ်ဖြစ်ရပ်တစ်ခုသာဖြစ်ကြောင့် ပြောကြားခဲ့ပါတယ်။ ဒီ ဗီဒီယိုဟာ ၁၉၉၉ ခုနှစ်တုန်းက Florida နှင့် Belvoir ကတွေ့ရှိတဲ့ပုံဏ္ဍာန်များ၊ ၁၉၅ဝ ကလည်းဘဲ ဒီ Virginia နေရာတွေမှာတွေ့ခဲ့တဲ့မှတ်တမ်းတင်ထားတဲ့ ပုံသဏ္ဍာန်တွေနဲ့တူနေကြောင်းသိရပါ။
ကဲ့..ဗီဒီယိုလေးကြည့်လိုက်အုံး ..
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment