Hatchetfish


Hatchetfish ဆိုတဲ့ငါးမျိုးတွေဟာ ပင်လယ်ရေ အနက် မီတာ ၂ဝဝ မှ ၆ဝဝ တွင်းမှာသာတွေ့ရပါတယ်။ အရွယ်အစားအရှည် အနေအားဖြင့်တော့ ၄.၇လက္မခန့်ရှိပါတယ်။ သူတို့ရဲ့အကြေးခွံတွေကတော့ နုနယ်ပျော့ပြောင်းပြီး ငွေရောင်ဖြစ်ပြီး အမှီးနဲ့ ဆူးတောင်တွေကတော့ အကြည်ရောင်ဖြစ်ပါတယ်။ Hatchetfish တွေရဲ့မျက်လုံးတွေဟာဆိုရင် အစဉ်အမြဲအရှေ့ကို ငေးကြည့်နေသကဲ့ ပြူးထွက်နေပါတယ်။ ငါးငယ်လေးများကို စားသောက်ပြီး သက်တမ်းအနေအားဖြင့် ၁ နှစ်ခန့်သာ အသက်ရှည်ပါတယ်။ အတ္တလန်တိတ်သုမုဒ္ဒရာ၊ ပစီးပိတ်သမုဒ္ဒရာ နှင့်အိန္ဒိယသမုဒ္ဒယာ များမှာတွေ့မြင်ရပါတယ်။


0 comments: