.
နိရဉ္စရာ သတင်းဌာန
7/19/2009
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဘာဂါဟက် (Bagerhat) ခရိုင် တခုတည်း အတွင်း ဘင်္ဂလာကျားများ၏ တိုက်ခိုက်မူကြောင့် ၉ နှစ်အတွင်း လူပေါင်း ၁၄၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
လွန်ခဲ့သော ကြာသပတေးနေ့က အဆိုပါ ခရိုင်အနီးရှိ ငါးဖမ်းသမား တဦးကို ဘင်္ဂလာကျားများက ကိုက်သတ် ပြီးနောက် သေဆုံးသူ လူပေါင်း ၁၄၆ ဦးထိ ရောက်ရှိလာခြင်း ဖြစ်သည်။
လူနှင့် ကျားများ တိုက်ခိုက်မူတွင် ၉ နှစ်တာကာလ အတွင်း ကျားကောင်ရေ ၁၉ ကောင်ကို ဒေသခံများက သတ်ပစ် ခဲ့ကြောင်း ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရ အနေဖြင့် ဘာဂါဟက် ခရိုင် အနီးရှိ ဆင်းဒါဘန်းတောအုပ်တွင် ဘင်္ဂလာကျားများကို ဘေးမဲ့ပေးထားပြီး မျိုးမတုန်းရအောင် ထိန်းသိမ်း စောင့်ရှောက် ထားသည်။
ကျားများ အနေဖြင့် ရေငတ်နေပြီး အထူးသဖြင့် မြစ်များတွင် ရေခမ်း ခြောက်သွားချိန်တွင် လူများကို ပိုမို ရန်ရှာ တိုက်ခိုက်လေ့ရှိပြီး အများအားဖြင့် သေဆုံးသူများမှာ ငါးဖမ်းသမားများ ဖြစ်ကြသည်။
ယခုကဲ့သို့ ကျားများ တိုက်ခိုက်မူကြောင့် လူပေါင်း မြောက်မြား သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သစ်တောဌာန အရာရှိများက ကျားများကို မသတ်ရန်နှင့် အဆိုပါ တောအုပ်မှ ကျားများ လူနေထိုင်ရာ ကျေးရွာများသို့ ၀င်ရောက်လာသည်ကို တွေ့ပါက ချက်ချင်း အကြောင်းကြားရန် ကျေးရွာသားများကို ညွန်ကြားချက် ထုတ်ပြန်ထားသည်ဟု သိရသည်။
(ကြည့်ရတာ တိရိစ္ဆာန်အသက်က လူအသက်ထက်ပိုပြီး တန်ဖိုးရှိနေတယ်လို့များထင်နေကြလားမိသိဘူး)
0 comments:
Post a Comment