ကမ္ဘာအကြီးဆုံးဖားမျိုး (Goliath frog)



Goliath လို့ခေါ်တဲ့ ဖားမျိုးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဖားမျိုးဖြစ်ပါတယ်။ ဒီဖားတွေဟာ ဂဏန်း၊ ပိုးမွှားများနှင့် ဖားငယ်များကို စားသုံးအသက်ရှင်ပါတယ်။ အရှည်အနေအားဖြင့် နှုတ်သီးမှာ အမှီးရိုးအထိ ၁၃ လက္မခန့်အရှည်ရှိတတ်ပြီး ၈ ပေါင်အထိ ကြီးထွား တတ်ကြပါတယ်။ ရေစီးမြန်ပြီး အောက်ခံသဲမြေရှိတတ်တဲ့ အာဖရိကအနောက်ဖက်ခြမ်းက ကင်မရွန်းနှင့် ဂန်နာ နိုင်ငံရှိ ရေကြည်သော မြစ်များတွင် တွေ့ရပါတယ်။ မျိုးပွားမှု့ကတော့ တခြားသောဖားများကဲ့သိုသာဖြစ်သော်လည်း မြစ်အောက်က ပင်များပေါ်မှာဥ ဥချပြီး တစ်ခါဥလျှင် ဥပေါင်း တစ်ရာကျော် ခန့်ဥတတ်ပါတယ်။ အပေါ်ယံက အစိမ်းပုတ်ရောင်ရှိပြီး အောက်ဝမ်းဗိုက်ဖက်ကတော့ အဝါရောင်ဖြစ်ပါတယ်။ ဒီဖားတွေဟာ အာဖရိက တိုက်သားများရဲ့ဟင်းစားဖြစ်ပါတယ်။ အီကွေတိုရီရယ်ဂန်နာ အစိုးရကတော့ တစ်နှစ်မှာ အကောင်သုံးရာထက်ပိုပြီး နိုင်ငံခြားကို ထုတ်မရောင်းထုတ်ရဘူးလို့ ထုတ်ပြန်ထားပါတယ်။


0 comments: