ရုပ်ရှင်ထဲကမဟုတ်ဘဲ့  အပြင်က တကယ့် ပင့်ကူလူသား



တကယ့်အပြင်မှာ ရှိတဲ့ ပင့်ကူလူသား Jyothi Raj ရဲ့ အရည်အချင်းကတော့ မက်စောက်နေတဲ့ နံရံ ပေါ်မှာ အပေါ်မှအောက် သို့ ကပ်ပြီး အတက်အဆင်း လုပ်နိုင်ခြင်းဘဲဖြစ်ပါတယ်။ အန္ဒိယနိုင်ငံ Chitradurga Fort ကို လာတဲ့ ကမ္ဘာလှည့်ခရီးသယ်တွေဟာဆောက်လုပ်ရေး လုပ်သား Raj ကို ခလေးများကြိုက်တဲ့ စူပါသူရဲကောင်းများ(ပင်ကူလူသား၊ လင်းနို့လူသား၊ ပါဝါရိန်းဂျား...) နှင့် ခိုင်းနှိုင်းခဲ့ကြပါတယ်။ အန္ဒိယ တောင်ပိုင်း Karnataka ကတော့ အသက် ၂၂ နှစ်ရှိပြီးဖြစ်ပါတယ်။ သူဟာအရင်ကတည်း ကြိုးများ ဝါးငြမ်းများ တို့ဖြင့် အမြင့်တက်ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပါတယ်။ အမြင့်ပေ ၃ဝဝ လောက်ကို ဘာပစ္စည်းအကူအညီမှ မပါဘဲ တက်ခဲ့ပေးမဲ့လည်း စိတ်ထဲ မှာ ကြောက်ရွံ့ တဲ့စိတ် နည်းနည်းလေးမှ မဖြစ်ခဲ့မိဘုး လို့ Raj ကပြောပါတယ်။ Raj ရဲ့ ဒီလို ပြုလုပ်နိုင်ဖို့ အတွက် မျောက်တွေ သစ်ပင်တက်တာကို ကြည့်ပြီး သင်ယူခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ စွန့်စွန့်စားစားရုပ်ရှင်ကားတွေ ကလဲ သူရဲ့ အနစ်သက်ဆုံး အရာတွေဖြစ်ပါတယ်။ ပြီးတော့ သူဟာ ပင့်ကူလူသား ရဲ့နာမည်ကြီး ဇာတ်လမ်းတွေကိုလည်း အတုခိုးခဲ့ပါတယ်။ သူဟာအမြင့်တက် ချိန်မှာ အန္တရာယ် ဖြစ်လာရင် အရေးပေါ်သုံးဖို့ ဘာပစ္စည်းမှလဲဆောင်ထားခြင်းမရှိပါဘူး။ သူ့ရဲ့ ကျွမ်းကျင်မှု့ကို အိန္ဒိယနိုင်ငံက အန္တရာယ်များလှတဲ့ အဆောက်အဦးဟောင်းတွေမှာ ပြသခဲ့ပါတယ်။ ဒီလို ကျွန်တော် ရဲ့ အမြင့်တက် ကျွမ်းကျင်တဲ့ အရည်အချင်းကို ဆောက်လုပ်ရေးလုပ်သား စဖြစ်ပြီး ဝါးညမ်းစင်တွေ တက်တဲ့ အခါမှာ သိရှိလာခဲ့ရပါတယ်လို့ Raj ကပြောပြပါတယ်။ ကျွန်တော်ဟာ အထူးသဖြင့် စနေနေ့ တွေမှာ ထင်ရှားသော နေရာတစ်ခုဖြစ်တဲ့ Chitradurga ခံတပ်နား က လူတွေအကြားမှာဖျော်ဖြေဖို့ အစပြုပြီး လာလာ တက်ပါတယ်။ ကျွန်တော် တက်ပြနေတဲ့အချိန်မှာ ကျွန်တော့် ခန္ဓာကိုယ် ဇောက်ထိုးဖြစ်နေတဲ့အချိန်တွေမှာဆို သူတို့ရဲ့ စိုးရိမ်တဲ့စိတ်ပါတဲ့လေသံနဲ့ ကျွန်တော့်ကို ကိုင်ထားနော်လို့ ပြောတဲ့အသံ ပြီးတော့ သူတို့ ရဲ့ မျက်မျက်နှာလေးတွေကို ကျွန်တော်အရမ်းချစ်တယ်။ ကျွန်တော် နံရံတွေ၊ ကျောက်ကဘား ကျောက်ဆောင်တွေ၊ အဆောက်အဦးတွေကို တက်ဖို့ရှိပါသေးတယ်။ နောက်ဆုံး ကမ္ဘာအမြင့်တက် သမားတစ်ယောက်လဲဖြစ်လာတဲ့အထိပေါ့..။ ပေ ၃ဝဝအမြင့် ဆိုတာ သာမာန်အားဖြင့်ကြည့်ရင်တော့ အန္တရာယ် တော့ရှိတယ် ဒါပေမဲ့ ကျွန်တော် အဆောက်အဦးတွေ တောင်တွေလဲ တက်ခြင်သေးတယ်လို့ Raj ကပြောပါတယ်။ ကျွန်တော် ပြင်သစ်နိုင်ငံက ကမ္ဘာအလွတ်တမ်း အမြင့်တက်သမား Alain Robert လို ကျွန်တော့်ရဲ့ အမြင့်တက်စွမ်းရည်ကို ကမ္ဘာက အသိအမှတ်ပြုခံခြင်တယ်။ ဒီစွမ်းရည်ကတော့ ကျွန်တော့်ကို ဘုရားသ္ခင်ပေးတဲ့ ကောင်းချီးမင်္ဂလာ လက်ဆောင် တစ်ခုဘဲ ဖြစ်ပါတယ် အမြင့်တက်တိုင်း ကျွန်တော်တခါမှလဲ မတော်တဆ မဖြစ်ခဲ့ဖူးဘူး။ ကျွန်တော်လက်တွေရဲ့ သန်မာမှု့တွေဟာ ကျွန်တော့အတွက်တော့ တခြား အမြင့်တက်သမားတွေသုံးတဲ့ ကရိယာ လိုပါဘဲ..။ Raj ဟာ သူ့ရဲ့ သန်မာမှု့အတွက် နေ့စဉ် ယောဂ ကျင့်စဉ် ကျင့်ပြီး တော့လည်း ထိန်းသိမ်းပါတယ်။ အခုဆိုသူဟာ Chitradurga မှာ တခြားသူတွေကို ဘယ်လို အမြင့် တက်ရသလဲ ဆိုတာကိုလဲ သင်ပေးလျှက်ရှိပါတယ်။ လူပျိုလူလွတ် Jyothi Raj ဖြစ်ပါတယ် သူမိသားစုကလဲ ဒီလိုပြုလုပ်ခြင်းအတွက် သူကိုယ်သူ ထိန်းချူပ်နိုင်မှု့ရှိတယ်လို့ ယုံကြည့်နေကြပါတယ်။

အောက်မှာ ပင့်ကူလူသားပုံတွေဆက်ကြည့်လိုက်အုံးနော်...







0 comments: