ကမ္ဘာအရပ်အရှည်ဆုံးလူသားများ


၈ပေ ၁၁လက်မ
သူကတော့ကမ္ဘာပေါ်မှာ အမြဲတမ်း အရပ်အရှည်ဆုံးလူသားအဖြစ်နဲ့ ဘဲ စံချိန်တင်နေလိမ့်မယ်လို့ထင်ပါတယ်။ သူစံချိန်ကို ဖျက်ပြီး သူထက်အရပ်ရှည်တဲ့လူတွေ မရှိနိုင်၊ မပေါ်ထွက်လာနိုင်တော့ဘူးဘဲ ထင်ပါတယ်။ ဒီပုံကတော့ သူ့အဖေနဲ့ ယှဉ်ပြီး မတ်တပ်ရပ်ရိုက် ထားတဲ့ဓါတ်ပုံဖြစ်ပါတယ်။ သူကတော့ Alton, USA မှာနေထိုင်တဲ့ Mr. Robert ဘဲဖြစ်ပါတယ်။ သူသေဆုံးတဲ့အချိန်မှာ အသက် ၂၂ နှစ်ရွယ်သာရှိပါသေးတယ်။ လူတွေကတော့ပြောကြပါတယ် သူအရပ်က ဒီထက်ပိုရှည်အုံးမှာလို့ လူတွေကတော့ ပြောကြပါတယ်။ Mr. Robert ၁၉၄ဝမှာ ကွယ်လွန်သွားခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ Tennessee, USA က Mr. Robert ဖြစ်ပါတယ်။ သူလည် သိပ်ပြီး အသက်မရှည်လိုက်ပါဘူး။ သူ့အရပ်ကတော့ ၈ပေနဲ့ ၉လက်မဖြစ်ပါတယ်။ ဓါတ်ပုံတော့မရှိလို့ မဖော်ပြနိုင်ပါ။


၈ပေနဲ့ ၅လက်မ
ဒီတစ်ယောက်ကတော့ ဂရင်းနစ်စံချိန်မှာ ကမ္ဘာအရပ်အရှည်ဆုံးလူသားဖြစ်ပါတယ်။ ဒါပေမဲ့ သူက သူအရပ်တိုင်းဖို့ ဂရင်းနစ်မှာ ငြင်းဆိုခဲ့တဲ့အတွက် ဂရင်းနစ်စံချိန်မှ ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။ သူကတော့ ကမ္ဘာအရှည်ဆုံး သုံးယောက်ထဲမှာ ဆိုရင်တော့ သူလည်းပါဝင်ပါတယ်။ နာမည်ကတော့ Mr. Leonid ဖြစ်ပြီး အရပ်ကတော့ ၈ပေနဲ့ ၅လက်မ ဖြစ်ပါတယ်။ နိုင်ငံကတော့ ယူကရိန်းနိုင်ငံကဖြစ်ပါတယ်။


၈ပေနဲ့၁လက်မ
နောက်တစ်ယောက်ကတော့ ၁၉၆၁ မှ ၁၉၆၃ နှစ်အတွင်းမှာတော့ ကမ္ဘာအရပ်အရှည်ဆုံးလို့သတ်မှတ်ခံခဲ့ရပါတယ်။ သူကတော့် ဖင်လန်နိုင်ငံက စစ်သားတစ်ယောက်ဖြစ်ပြီး စစ်သားတွေအားလုံးထဲမှာ အရပ်အရှည်ဆုံးဖြစ်ပါတယ်။ အရပ်ကတော့ ၈ပေနဲ့၁လက်မ ဖြစ်ပါတယ်။


၈ပေနဲ့ ၁ လက်မ

နောက်တစ်ယောက်ကတော့ အာဖရိတိုက် Mozambique နိုင်ငံက အရပ် ၈ပေနဲ့ ၁ လက်မရှိတဲ့ Mr. Gabriel ဘဲဖြစ်ပါတယ်။ သူအရပ်ရှည်တဲ့အတွက်ကြောင့် သွားရေးလာရေတော်တော်ခက်မှု့များနဲ့ တွေ့ခဲ့ရပါတယ်။ ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။


၈ပေ
နောက်ထပ်တစ်ယောက်ကတော့ လစ်ဗျားနိုင်ငံက အရပ် ၈ပေ ရှိတဲ့ ဘက်စကက်ဘောလုံးသမား Suleiman Ali ဘဲဖြစ်ပါတယ်။ သူရဲ့ လက်ဟာ အင်မတန်မှ ကြီးမားတယ်လို့ဖော်ပြထားပါတယ်။ လက်ရှိကမ္ဘာပေါ်မှာရှိတဲ့ အရပ် အရှည်ဆုံးသုံးယောက်ထဲက တစ်ယောက်အပ်အဝင်ဖြစ်ပါတယ်။


၈ပေ
ဒီတစ်ယောက်ကတော့ ယူကရိန်းနိုင်ငံက အရပ် ၈ပေရှိတဲ့ ဘက်စကက်ဘောလုံးသမား Alexander ဘဲဖြစ်ပါတယ်။ ဓါတ်ပုံမှာမြင် ရတာကတော့ သူနဲ့တော်မှဖိနပ်ရွေးနေတဲ့ပုံဘဲဖြစ်ပါတယ်။


၈ပေ
နောက်တစ်ယောက်ကတော့ တူရကီနဲ့ အီရပ် နယ်စပ်မှာနေတဲ့ တူရကီနိုင်ငံသား ဘက်စကက်ဘောသမား Sultan ဘဲဖြစ်ပါတယ်။ အရပ်ကတော့ ၈ပေဖြစ်ပါတယ်။ လက်ရှိဘက်စကက်ဘောကစားနေတဲ့သူတွေထဲမှာတော့ အရပ်အမြင့်ဆုံးဖြစ်ပါတယ်။


၇ ပေနဲ့ ၉ လက်မ
နောက်တစ်ယောက်တော့ ဂရင်နစ်စံချိန်က အသိအမှပြုထားတဲ့ တရုတ်နိုင်ငံသား bao-xishun_ဘဲဖြစ်ပါတယ်။ ဒီလိုစံချိန်တင်နေရခြင်းမှာ သူမတိုင်ခင်လူတစ်ယောက်က ဂရင်နစ်က တိုင်းတာဖို့ အတွက်ကိုငြင်းခဲ့လို့ သူကိုအသိအမှတ်ပြုထားခြင်းဘဲဖြစ်ပါတယ်။ အရပ်ကတော့ ၇ ပေနဲ့ ၉ လက်မဖြစ်ပါတယ်။ ဓါတ်ပုံကတော့ သူဇနီးနဲ့ မတ်တပ်ရပ်နေတဲ့ပုံဘဲဖြစ်ပါတယ်။


၇ ပေနဲ့ ၉ လက်မ
နောက်ဆုံးတစ်ယောက်ကလည်း တရုတ်နိုင်ငံက အရပ် ၇ ပေနဲ့ ၉ ရှိတဲ့ ဘက်စကက်ဘောသမား Sun Ming-Ming ဖြစ်ပါတယ်။





0 comments: