သရဲဆွဲခံရသူ ၁၃ နှစ်ကလေးငယ်


Danny နှင့်သူဧ။်ညီ

အင်္ဂလန်နိုင်ငံ Hartlepool မှာ မိခင်တစ်ယောက်က သူ့သား ၁၃ နှစ်သားလေးတစ်ယောက်ဟာ တစ်ယောက်တည်းမိမိအိမ်မှာ သူရဲတွေရဲ့ တိုက်ခိုက်ခံနေရပါတယ်လို့ ရဲအဖွဲ့ကို ဖုန်းဆက်တိုင်ကြားခဲ့ပါတယ်။ အဲ့ဒီကောင်လေးနာမည်ကတော့ Danny Wilkins ဘဲဖြစ်ပါတယ်။ ကျွန်တော် ရုတ်တရက် ဆွဲအမခံလိုက်ပြီး ဧည့်ခန်းမှာ ဒရွတ်တိုက် ဆွဲခံရပြီးလမ်းပေါ်သို့ပစ်လိုက်ခြင်းကိုခံခဲ့ရတယ်လို့ ကာယကံရှင် ကောင်လေးကပြောပြပါတယ်။ ဖြစ်ခဲ့တာကတော့ ကျန်ခဲ့တဲ့ တနင်္ဂလာနေ့ကဘဲဖြစ်ပါတယ်။ အဲ့ဒီကောင်လေးလဲ အိမ်ဘေးက အိမ်ကိုပြေးသွားခဲ့ပါတယ်။ အမေဖြစ်သူ Ms Wilkins က Danny ကကျွန်မကိုပြောခဲ့ပါတယ် သူဟာတစ်ယောက်ထဲ ဆိုဖာခုံပေါ်မှာ သီချင်းနားထောင်နေတဲ့အချိန်မှာ သူကို ဆပ်ကနဲ ဖမ်းမခံလိုက်ပြီး သူ့ကို ဧည့်ခန်း တံခါးနားအထိ ဆွဲသွားခံခဲရပါတယ်။ ပြီးတောသူကို မီးဖိုချောင်ထဲ ဆွဲသွားဖို့လည်း လုပ်သေးတယ်လို့ပြောပါတယ်။ Danny က အဲ့ဒီအချိန်မှာ အိမ်ရှေ့တံခါးက ပွင့်လိုက်ပိတ်လိုက်ဖြစ်နေပါတယ်။ ပြီးတာ့ ကျွန်တော့် လက်မောင်းကို ကိုင်ပြီး လမ်းမဖက်ကို တွန်းထုတ်ခဲ့ပါတယ်။ ကျွန်တော်ကို အဲ့လိုအလုပ်ခံရတာ လုပ်တဲ့လူကို ကျွန်တော်မမြင်ရဘုး တစ်ခုတော့ရှိတယ် လူကြီးတစ်ယောက် အသက် ခပ်ပြင်းပြင်း အသက်ရှုသံ နဲ့တူတဲ့အသံမျိုးကိုတော့ကြားရတယ်။ သူတို့မိသားစု အိမ်နောက်ဖေးဖက်ကိုရောက်နေပြီဆိုရင် အရှေ့ဖက်ကနေ အသံတွေကြားရပြီး လှေခါးပေါ်တက်သွားတဲ့ခြေသံတွေကိုလည်းကြားရ ပါတယ်။ အဲ့ဒီဖြစ်ပျက်တဲ့ နေရာကတော့ စိန့်ပေါလ် ဘုရားကျောင်းနဲ့နီးပါတယ်။ Ms Wilkins အဖြစ်အပျက်ကို ပြောပြပြီး ဒါဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကိုလဲ ဘုန်းတော်ကြီး Richard Masshedar ကိုလည်း မေးခဲ့ပါတယ်။ Richard Masshedar ၊ Richard Masshedar ရဲ့မိခင် Kathleen Gallowa ၊ ပြီးတော့ သူ့ခလေးသုံးယောက်နဲ့ ဘုန်းတော်ကြီး တို့ဟာ အခန်းတစ်ခုထည်းမှာ အဲ့ဒီတညလုံး အတူ နေပြီး ညကိုဖြတ်ကျော် ခဲ့ရပါတယ်။ မနေ့ကလည်း ဘုန်းတော်ကြီး Richard Masshedar ဟာသူမတို့အိမ်ကိုလာပြီး အားပေးဆုတောင်းပေးသွားခဲ့ပါတယ်။ ဘုန်းတော်ကြီးကတော့ ဒါမျိုးအဖြစ်အပျက်ကို သူဘဝမှာ ဆုတောင်းပေးရတာ ဒါပထမဆုံးအကြိမ်ဘဲဖြစ်တယ်လို့ လဲပြောကြားသွားခဲ့ပါတယ်။ အဲ့ဒီ အိမ်ပိုင်ရှင်ကလည်း သူအမြဲတမ်း သူလည်း ဒီနေရာကို အမြဲတမ်းဖြတ်သွား ခဲ့ပါတယ် တခါမှဒီလိုမဖြစ်တာ မကြုံခဲ့ပါဘူးလို့ပြောပြပါတယ်။ ဆက်လက်ပြီး ဒီမိသားစုကတော့ ဒီအိမ်ကထွက်ပြီး တခြား သင့်တော်တဲ့ အိမ် တအိမ်ကို ပြောတော့မယ်ဆိုတာ မကြာခင် ကျွန်တော်ကြားရလာနိုင်တယ်လို့လဲ ပြောပါတယ်။



0 comments: