အရုပ်ကားဖြင့် မြစ်ထဲတွင် ရှစ်မိုင်နီးပါလောက် မျှောသွားသောခလေး


ဒီအံ့သြဖွယ်ရာ ခလေးငယ်ကတော့ သူ့ရဲ့ အရုပ်ကား ကိုမောင်းပြီး မြစ်ထဲမှာ ရှစ်မိုင်နီးပါးလောက် မျှောပါခဲ့တာဘဲ ဖြစ်ပါတယ်။ ၃နှစ်အရွယ် Demetrius Jones ဆိုတဲ့ ခလေးဟာ သူ့ရဲ့ မိသားစုအိပ်နေတဲ့အချိန်မှာ သူ့ရဲ့ဘထ္ထရီကားကို ယူပြီး တော့ Peace လို့အမည်ရတဲ့ မြစ်ထဲချပြီး British Columbia, Canada စတဲ့နေရာတွေကို မျှောပါသွားတာဖြစ်ပါတယ်။ ဘထ္ထရီကားအနီရောင်ပေါ်မှာရှိတဲ့ ခလေးငယ်က သူမျှောပါသွားစဉ်တုန်းက ခါးတောင်းကြိုက်ထားတဲ့ ပိတ်စနဲ့ တီရှပ် ဝတ်ထားရုံက လွဲပြီး ဘာမှမပါရှိပါဘူး၊ သူ့မိသားစုနိုးလာပြီး ခလေးကိုမတွေ့ရတော့ ရဲကိုတိုင်၊ အရပ်ကူပါ လူဝိုင်းပါဖြစ်ကုန်တာပေါ့။ ခလေးဟယ်ရဲ့ အဖွား Anita Newdorf ကတော့ အားလုံးဟာ အဆိုးဆုံးကိုဘဲ မျှော်လင့်ထားကြပြီးဖြစ်တယ်လို့ပြောပါတယ်။ အားလုံးကလဲ သူအဖွားကို သုသာန်မှာ မြေနေရာသွားဝယ်ရတော့မယ်လို့ဘဲ ထင်ထားကြပါတယ်။ တိုတိုပြောရင်တော့ ရဲတွေလိုက်ရှာရင်းနဲ့ ပြန်တွေ့ သွားတယ်ပေါ့ဗျာ၊ တွေ့တဲ့ရဲ Constable Jackelyn ကတော့ပြောတယ် ဒီခလေးမျက်နှာ ကြည့်ရတာ ကြောက်တဲ့စိတ်လုံးဝမရှိသလိုဘဲပါတဲ့ အော်လဲမအော်ဘူး ငိုလဲမငိုဘူးတဲ့ဗျာ။


0 comments: