ဗဟိုအာရှဒေသတွင် ရေသည် အဖိုးတန်ရင်းမြစ်တစ်ခုဖြစ်သည်။ တက်ခ်မစ်နစ္စတန်နိုင်ငံတွင် နယ်မြေ
၏ ၈၀% သည် သဲကန္တရဖုံးလွှမ်းလျက်ရှိသည်။ အဆိုပါသဲကန္တရ၏ တစ်စိတ်တစ်ဒေသကို စိမ်းလမ်းစိုပြေစေ၍ သ
ဘာဝကို ထိန်းသိမ်းရာလည်းရောက်၊ပတ်ဝန်းကျင်တိုးတက်ဖြစ်ပေါ်မှုလည်းရအောင် Golden Age Lake စီမံကိန်း
တစ်ခုကို သက္ကရာဇ် 2000 ခုနှစ်က စတင်ခဲ့လေသည်။ ထိုနှစ်တွင် နိုင်ငံကို ဖြတ်သန်း၍ တူးမြောင်းနှစ်ခု တည်
ဆောက်ခဲ့သည်။ ယခုနှစ်တွင် စီမံကိန်း၏ နောက်ဆုံးအဆင့်အဖြစ် ကာရာကွန် သဲကန္တာရအတွင်းရှိ 2000 sqkm
ကျယ်ပြန့်သော ချိုင့်ဝှမ်းကြီးအတွင်းသို့ နိုင်ငံ၏ ပြောင်းစိုက်ခင်းများသို့ ပေးသွင်းသော ဆယ်ရေမှ ပိုလျှံသည့်ရေ
များကို ချိုင့်ဝှမ်းအတွင်းသို့ တူးမြောင်းဖြင့် သယ်ယူ၍ ကုန်းတွင်း ပင်လယ်တစ်ခုဖြစ်အောင် ဖန်တီးမည်ဖြစ်သည်။
ယင်းစီမံကိန်း၏ ကုန်ကျစရိတ်စုစုပေါင်းမှာ ဒေါ်လာ 20 ဘီလီယံခန့်ဖြစ်သည်။ အဆိုပါ ရေကန်ကြီးကြောင့် အနီး
ပတ်ဝန်းကျင်သဲကန္တာရတွင် စိမ်းလန်းစိုပြေ၍ ကျေးငှက်များလည်း လာရောက်ပေါက်ဖွားပြီးလျှင် စိုက်ပျိုးမြေများ
လည်း ဖြစ်ထွန်းလာမည်ဟု မျှော်မှန်းထားကြသည်။
0 comments:
Post a Comment