ကြိုးမဲ့စနစ်ဖြင့် လျှပ်စစ်စွမ်းအင် သွင်းနိုင်ပြီ

Phone charger တောင်မှ wireless တဲ့ဗျာ...
24/Jul/2009

အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တွင် ကျင်းပလျက်ရှိသော ကမ္ဘာလုံးဆိုင်ရာ Ted conference တွင်
အမေရိကန်ကုမ္ပဏီ Witricity ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ အဲရစ်ဂီလာက မိုဘိုင်းဖုန်းနှင့် ရုပ်မြင်သံကြားစက်
များကို ကြိုးမဲ့စနစ်ဖြင့် စွမ်းအင်ပေးပို့နိုင်သည့် စနစ်တစ်ခုကို ထုတ်ဖော်ပြသသွားခဲ့သည်။ ၎င်း စနစ်သည် ရိုးစင်း
သော ရူပဗေဒ ဖြစ်စဉ်တစ်ခုကို အသုံးချ၍ အီလက်ထရောနစ်ကိရိယာမျိုးစုံကိုစွမ်းအင်ပေးသွင်းစေခြင်းဖြစ်သည်။
အနာဂတ်တွင် လျှပ်စစ်ဓါတ်အား ပို့လွှတ်မှုအတွက် တန်ဖိုးကြီးမားသော ၀ိုင်ယာကြိုးများ မိုင်နှင့်ချီ၍ သွယ်တန်းရ
ခြင်းကိုလည်းကောင်း၊ သန်းချီသော ဘက်ထရီများ ထုတ်လုပ်သုံးစွဲစွန့်ပစ်ရခြင်းကို လည်းကောင်းအစားထိုးသွား
နိုင်မည်ဟု ၎င်းက ဆိုသည်။ ၀တ္ထုပစ္စည်းနှစ်ခုသည် တုန်ခါမှုချင်း တူညီပါက ၎င်းတို့ အချင်းချင်း စွမ်းအင်များ ဖ
လှယ်ကြသည်။ အနီးပတ်ဝန်းကျင်ရှိ အရာဝတ္ထုများအပေါ် အကျိုးသက်ရောက်ခြင်း တစုံတရာမရှိချေ။ ဥပမာအား
ဖြင့် မှန်ကန်သောအသံ၏ကြိမ်နှုန်းကို သုံးစွဲခြင်းဖြင့် ဖန်ခွက်တစ်ခုကို အသံဖြင့် ကွဲသွားစေနိုင်သည်။ Witricity ၏
စနစ်တွင် အသံကြိမ်နှုန်းအစား ကြိမ်နှုန်းနိမ့်လျှပ်စစ်သံလိုက်လှိုင်းများကို အသုံးပြုထားခြင်းဖြစ်သည်။ (ဘီဘီစီ)


0 comments: