လက်နှစ်ဖက် အစားထိုး ခံထားရသူ၏ ဘ၀ အဆင်ပြေနေ



ကမ္ဘာ့ပထမဆုံးလက်နှစ်ဖက်အစားထိုးကုသမှုခံယူထားသော ဂျာမနီနိုင်ငံမှ လယ်သမားတစ်ဦး
သည် ခွဲစိတ်ကုသမှုအောင်မြင်ခဲ့သဖြင့် နှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်လျက်ရှိသည်။ မစ္စတာ ကားလ်မာက် ( ၅၅
နှစ်) သည် ပြီးခဲ့သည့် 2002 ခုနှစ်က စပါးရိတ် စက်မတော်တဆဖြစ်ပွားမှုကြောင့် ပုခုံး အောက်ဖက်နားထိ ၎င်း၏
လက်နှစ်စလုံး ဆုံးရှုံးခဲ့ပြီးနောက် အမည်မဖော်လိုသည့် ကွယ်လွန်သူ ဆရာဝန်တစ်ဦးထံမှ လှူဒါန်းသည့် လက်နှစ်
ဖက်ကို ရယူ၍ မြူးနစ်မြို့တွင် လွန်ခဲ့သော တစ်နှစ်ကျော်က ၁၅ နာရီကြာ ခွဲစိတ်ကုသမှုခံယူခဲ့သည်။ လက်အစား
ထိုးခွဲစိတ်ကုသမှု အောင်မြင်ခဲ့သဖြင့် မစ္စတာ မာက်သည် ယခုအခါ တံခါး အလွယ်တကူဖွင့်နိုင်ခြင်း၊ သူတစ်ပါးအ
ကူအညီမပါဘဲ အစာစားခြင်း၊ စက်ဘီးစီးခြင်းနှင့် အ၀တ်လျှော်ခြင်းတို့ကို ကိုယ်တိုင် ပြုလုပ် နေပြီဖြစ်ကြောင်း သ
တင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ၎င်းက ပြောဆိုသည်။ ခွဲစိတ်ကုသမှုသည်ကြိုတင်မျှော်လင့်ထားသည်ထက်အခြေ
အနေပိုမိုကောင်းမွန်နေဆဲ ဖြစ်သည်ဟု ခွဲစိတ်မှုတွင် ပါဝင်သည့် ဆရာဝန်တစ်ဦးကဆိုသည်။





0 comments: