ပထမဆုံး အာဖရိကတိုက်အတွက် အစင်းကျားမရှိတဲ့ ကျားဖြူ



ပထမဆုံး အာဖရိကတိုက်အတွက် နှင်းလိုတစ်ကိုယ်လုံး စွတ်စွတ်ဖြူပြီး တခြားကျားများကဲ့သို့ အစင်းကြောင်းလုံးဝမရှိဘဲ ထူးခြားတဲ့ ၆လ အရွယ် Fareeda ခေါ်တဲ့ ကျားမလေးဖြစ်ပါတယ်။ ဒီကျားမလေးရဲ့ မိဘတွေဖြစ်ကြတဲ့ Geena နှင့် Shiva ဟာ ဘင်္ဂလား ကျားဖြူမျိုးတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ သူမိဘနှင့် သူ့မောင်နှမ ကျားများဟာ အမဲရောင် အစင်းကျားများပါရှိပါတယ်။ ပေါက်ဖွားလာတဲ့ ကျားများထဲမှာ Fareeda လိုတစ်ကိုယ်လုံးဖြူတဲ့ကျားမျိုး ကတော့ အကောင် တစ်ရာမှာ တစ်ကောင် မရှိပါဘူး။ ဒီကျားမလေးဟာ တောင်အာဖရိမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကျားဖြူမျိုးဟာ ကမ္ဘာပေါ်မှာ အကောင်ရေ တစ်ရာနီးပါးလောက်သာရှိတဲ့ ရှားပါးတယ်။ ကျားမျိုးဖြစ် ပါတယ်။ ဒီလို တစ်ကိုယ်လုံးဖြူတဲ့ကျားတွေဟာ ကမ္ဘာပေါ်မှာ အကောင် ၂ဝ ထက်ပိုမရှိနိုင်ပါဘူး။


Fareeda နဲ့ မွေးခြင်းနှစ်ကောင်ဟာ ကျန်ခဲ့တဲ့နှစ် ဒီဇင်ဘာ ခရစ္စမက်နေ့မှာ မွေးဖွားခဲ့တာ့ဖြစ်ပါတယ်။ ၁၉၅၀ တုန်းကတော့ ဒီလိုတစ်ကိုယ်လုံးဖြူနေတဲ့ကျားတစ်ကောင်ကို အမေရိကန်နိုင်ငံက အိန္ဒိယ မှာ တစ်ကောင်ဖမ်း မိခဲ့ဖူးပါတယ်။ Fareeda ကတော့ အာဖရိကအတွက်တော့ ပထမဖြစ်ပါတယ်။ ကျားတွေဟာ ၃ နှစ်ဆိုရင် အရွယ်ရောက်ကျားတစ်ကောင်ဖြစ်ပါပြီ။ တစ်နာရီကို ၃၇ မိုင် ပြေးနိုင်သော်လည်း သက်လုံမကောင်းပါဘူး တရက်ကိုတော့ ၁၈ နာရီအိပ်ပါတယ်။





0 comments: