ဆွီဒင်က ကာယဗလမယ်



ကိုကြီးပီတာက ကမ္ဘာဗလကြီးတဲ့ ယောက်ျားတွေအကြောင်းရေးတော့ မိန်းခလေးတွေ အားငယ်နေမှာဆိုးလို့ မိန်းမတွေလဲ ရှိပါတယ်လို့ သူတို့ကို အားကျရင်သူတို့လို လိုက်ကျင့်ပေါ့ နော်(ဟီးဟီး)
သူ့နာမည်ကတော့ Irene Andersen လို့ခေါ်ပါတယ်။ ၁၉၆၆ စက်တင်ဘာလ ၉ ရက်နေ့မှာ ဒိန်းမတ်နိုင်ငံမှာမွေးဖွားခဲ့ပြီး၊ အသက် ၂ နှစ်အရွယ်မှာ တော့ ဆွီဒင်ကိုပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ ဆွီဒင် Malmö မှာ ကြီးပြင်းခဲ့ပြီး အသက် ၂ဝ အရွယ်မှာ Göteborg ကိုပြောင်းရွေ့ခဲ့ပါတယ်။ အခုထက်ထိတော့ Göteborg လက်ရှိနေထိုင်နေပါသေးတယ်။ သူကတော့ သူ့ဘဝတလျှောက်လုံးမှာ လေ့ကျင့်ခန်းတွေနဲ့ ကြီးလာခဲ့တာပါတဲ့ အရင်ဆုံး ဘဲကလေးအကနဲ့ ဂျူဒို ကိုသင်ခဲ့ပြီး ဒီလို လှပတဲ့ (ဟီးဟီး) ကြွက်သားတွေ ရဖို့အတွက်တော့ ၁၅ နှစ်အရွယ်မှာ စတင်ပြီးတော့ ကာယ လေ့ကျင့်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတုန်းကတော့ သူရဲ့ ခန္ဓာကိုယ်ဟာ မိန်းခလေးတစ်ယောက်လိုပါဘဲ။ ၉ဝ၊ ၉၂၊ ၉၆ တို့မှာ သားမသီးမွေးဖွားခဲ့တဲ့ အချိန်တွေမှာ တော့ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်မလုပ်ခဲ့ဖြစ်ပါဘူး။

ဒါကတော့ သူ့နဲ့ဝါသနာတူတွေနဲ့ ပေါ့

နောက်ပိုင်းမှာ ခလေးတွေ အရွယ်ရောက်လာတဲ့ အခါ ပြန်လည်ပြီး လေ့ကျင့်ခန်းပြန်လုပ်ဖြစ်ခဲ့ပါတယ်။ သူက ထိုင်း လက်ဝှေ့ကိုလဲ ဝါသနာပါသေးသလို နှစ်တော်တော် ကြာကြာ လေ့ကျင့်ခဲ့ဖူးပြီး အောင်မြင်ကျော်ကြားတဲ့ထိုင်းလက်ဝှေ့မယ်တစ်ယောက်ဖြစ်အောင်တောင် စဉ်းစားခဲ့ဘူးသေးတယ်တဲ့ဗျာ..(သူ့ယောက်ျားသတ္တိကိုတော့ မချီးကျူးဘဲမနေနိုင်တော့ဘူး) ဒါပေမဲ့ မလုပ်ဖြစ်ခဲ့ပါဘူးတဲ့ ။ သူ့အသက် ၃၇ နှစ် ၂ဝဝ၅ ခုနှစ်မှာတော့ ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အတွက်ဖြစ်လာပြီ ၂ဝဝ၆ ခုနှစ်မှာ သူ့ရဲပထမ ပြိုင်ပွဲကို အမေရိကန်မှာ စတင်ယှဉ်ပြိုင်ခဲ့ပါတော့တယ်။ ၄ ခါပြိုင်ခဲ့ဖူးတဲ့အထဲမှာ အကောင်းဆုံး စတုထ္ထဆု သာရခဲ့ဖူးပါတယ် ဒီတစ်ခါတော့ စတုထ္ထ အဆင့်ထက်တက်လာဖို့ မျှော်လင့်နေပုံရပါတယ်။ ကျွန်တော်ပြောပြတာ မလုံလောက်သေးဘူး တခြားပုံပေါင်းများစွာကြည့်ခြင်ရင်တော့ သူကိုယ်တိုင် သူ့အကြောင်းရေးထားတဲ့ သူ့ဘလော့ http://blogg.ireneandersengym.com/#home သွားရောက်လည်ပတ်ကြည့်နိုင်ပါတယ်။



1 comments:

မဟာဆန် said...

ကိုယ့်မျက်စိကိုယ်တောင် မယုံချင်ဘူး