ကမ္ဘာ့ အသက်အကြီးဆုံး မိခင် အသက် 69 နှစ်တွင် ကွယ်လွန်



ပြီးခဲ့သည့် 2006 ခုနှစ်က အသက် 66 နှစ်အရွယ်၍ ယောက်ျားလေးအမွှာမွေးဖွားမှုကြောင့် ကမ္ဘာ့
အသက်အကြီးဆုံးမိခင်အဖြစ် မှတ်တမ်းတင်ခံထားရသော စပိန်နိုင်ငံသူ အမျိုးသမီးကြီးသည် မကြာမီရက်ပိုင်းက
ကွယ်လွန်ခဲ့ကြောင်း သိရသည်။ Maria Del Carmen Bousada de Lara (69 နှစ်) သည် ပြီးခဲ့သည့် စနေနေ့က
ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင်များကဆိုသည်။ သူမသည် 2007 ခုနှစ်၌ကာလီဖိုးနီးယားရှိမျိုးဆက်ပွားဆေးခန်း
တစ်ခု၌ ဆရာဝန်များအား အသက် 55 နှစ်ဟု လိမ်လည်ပြောဆို၍ IVFနည်းလမ်းဖြင့်ဆေးဝါးကုသမှုခံယူခဲ့သည်။
ကလေးမီးဖွားပြီးနောက်များမကြာမီမှာပင် ကင်ဆာရောဂါ လက္ခဏာဖြစ်ပေါ်မှုကြောင့် ကုသမှုခံယူခဲ့ရသည်။ သူမ
သည် 66 နှစ်နှင့် 358 ရက်အရွယ်၌ ယင်းအမွှာယောက်ျားလေးနှစ်ဦးကို ဘာစီလိုနာမြို့တွင် 2006 ခုနှစ် ဒီဇင်ဘာလ 29 ရက်နေ့က ဖွားမြင်ခဲ့သည်။


0 comments: