လွန်ခဲ့သော ၁၀ နှစ်ခန့်က ဂျာမနီနိုင်ငံမှ ပါမောက္ခ ဟော့မန်းဦးဆောင်သော သိပ္ပံပညာရှင်အဖွဲ့
သည် ကမ္ဘာပေါ်တွင် အလေးဆုံးဒြပ်စင်တစ်ခုကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကြသည်။ လောလောဆယ်တွင် အဆိုပါ
အလေးဆုံးဒြပ်စင်၏ အမည်ကို ယာယီအားဖြင့် Ununbium ဟု အမည်ပေးထားသည်။ ၎င်းဒြပ်စင်၏ atomic no:
သည် ၁၁၂ ဖြစ်သည်။ ၎င်းဒြပ်စင်အား ဓါတုဗေဒ ဘာသာရပ်တွင် ပင်မ ကျောရိုးဖြစ်သော Periodic ဇယားတွင်
ထည့်သွင်းရမည်ဖြစ်ရာ မူလတီထွင်ရှာဖွေသူများသည် ဒြပ်စင်၏အမည်ကို မကြာမီပေးကြရမည်ဖြစ်သည်။ ပါမော
က္ခ ဟော့မန်းနှင့်အဖွဲ့သည် အမှုန်လွှင့်စက်အတွင်းတွင် လျှပ်စစ်ဓါတ်အား သယ်ဆောင်သော သွပ်မြူမှုန်များအား
ခဲမြူမှုန်များဆီသို့ အလွန်မြင့်မားသောအရှိန်ဖြင့် ပစ်ခတ်သောအခါ ဒြပ်စင်နှစ်ခု၏ နျူကလီးယပ်များ ပေါင်းစပ်ပြီး
လျှင် Ununbium 112 ၏ နျူကလီးယပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ (ဘီဘီစီ)
1 comments:
စိတ်ဝင်စားစရာသတင်းပါပဲဗျို့
Post a Comment