မြွေပါ ဆိုတဲ့သတ္တဝါကို ကို ကမ္ဘာ နေရာ တော်တော်များများ မှာတွေ့ရတတ်ပါတယ်။ မြွေပါ အမျိုးအစား ၃၈မျိုးကျော်ရှိပါတယ်။ သူတို့ရဲ့သက်တမ်းကတော့ ၈ နှစ်ကနေ ၁၃ နှစ်အထိရှိကြောင်းသိရပါတယ်။ တစ်ချို့ မြွေပါမျိုးများဟာ တစ်ကောင်ထဲနေပြီး တစ်ကောင်တည်း အစာရှာထွက်တတ်သလို အချို့ မြွေပါတွေကြတော့ အဖွဲ့လိုက်နေပြီး ခေါင်းဆောင်မြွေပါလဲရှိပါတယ် သူတို့ ကတော့ အစာကို မျှဝေစားသောက်တတ်ကြတယ်။ မြွေပါ အုပ်တစ်အုပ်ဟာ အကောင် ၂ဝ မှ ၃ဝ ထိရှိတတ်ပါတယ်။ မြွေပါအုပ်ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက စားတဲ့ သားကောင်တွေကတော့ ဖား၊ ဂဏန်း၊ မြွေ ၊ ကြက်၊ အိမ်မြှောင်၊ နဲ့ အခြား သွေးနွေး သတ္တဝါငယ်များဘဲဖြစ်ပြီး တချို့ မြွေပါများကတော့ ဥ များနဲ့ အသီးအနှံများကို ပါစားသောက်တတ်ပါတယ်။ သူတို့ရဲ့ ထင်ရှားမှု့ ကတော့ အဆိပ်ရှိမြွေတွေနဲ့ တိုက်ခိုက်သတ်ပုတ်တဲ့နေရာ မှာဘဲဖြစ်ပါတယ်။ တချိန်ကဆို အန္ဒိယနိုင်ငံမှာ မြွေပါတွေကို ဖမ်းထားပြီး ကမ္ဘာလည့်ခရီးသယ်တွေလာရင် သူတို့နိုင်ငံက အဆိပ်ပြင်းတဲ့ မြွေဟောက်တွေနဲ့ လွတ်ပေးတာမျိုးကို ရုံသွင်းပြီး ပြပွဲအနေဖြင့် အခငွေကြေးနဲ့ ပြသခဲ့ပါတယ်။ အခုတော့ တိရိစ္ဆာန်ဥပဒေ တွေနဲ့ ဖိအားပေးလာတဲ့နောက်ပိုင်းမှာတော့ တဖြေးဖြေး ပပျောက်သွားခဲ့ပါပြီ။ ဒီမြွေပါတွေဟာ မြွေတွေကို တိုက်ခိုက်တဲ့နေရာမှာအလွန် လျှင်မြန်ခြင်းနဲ့ ပရိယာယ် ကြွယ်ဝမှု့တို့ကြောင့် အများအားဖြင့် အနိုင်ရခဲ့ တာကိုတွေ့ရသလို့ သူတို့မှာ လူတော်တော်များများ မသိသေးတဲ့အချက်ကတော့ မြွေကိုက်လို့မသေတာပါဘဲ သူတို့ခန္ဓာကိုယ်မှာ ရှိတဲ့ အင်ဇိုင်း တမျိုးက မြွေဆိပ်ကို ခံနိုင်ရည်ရှိတာကြောင့်ပါ။ ကျွန်တော်သိသလောက်တော့ မြွေကိုက်လိုမသေတဲ့ သတ္တဝါတွေထဲမှာ မြွေပါနဲ့ ၊ မြင်း တို့ဘဲဖြစ်တယ်။ မြင်းကတော့ မြွေကိုက်လိုမသေတာကို မြွေဆေးထုတ်နေတဲ့ BBI မှာသွားတွေ့တော့ မေးကြည့်မှ သိခဲ့ရတာပါ။ တခါတခါ ဈေး များနဲ့ လူစီကားတဲ့နေရာမှာ ဆေးမြစ်တွေလာရောင်းတာကိုလဲ တွေဖူးကြမှာပါ။ သူတို့ပြောတာကတော့ မြွေပါဟာ မြွေနဲ့တိုက်ခိုက်တဲ့အချိန်မှာ မြွေအကိုက်ခံလိုက်ရရင် အဆိပ်ပြေအောင် တောထဲဝင်ပြီး အဲ့ဒီဆေးမြစ်ကိုသွားစားတယ်တဲ့ ပြီးမှ ပြန်လာပြီးတိုက်ဆက်လက်တိုက်ခိုက်တယ် ဆိုပြီး မြွေဆိပ်ပြေဆေးမြစ် ဆိုပြီး လူတွေကိုရောင်းတယ် မြွေကိုက်ရင်အဲ့ဒါကို စားပါ၊ ကိုက်တဲ့နေရာကို သွေးလိမ်းကြပါ ..... အမျိုးအမျိုးပြောတာကိုလည်းကြားဖူးသူများမှာပါ။ အမှန်တကယ်ကတော့ အဲ့ဒါလူတွေကို လိမ်ပြီးရောင်းနေခြင်းဖြစ်ပါတယ်။ မြွေပါဟာ မြွေကိုက်လိုမသေတာ သူတို့ရဲ့ စွမ်းအားတစ်ခုပါ။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment