(coconet crab) အုန်းဂဏန်း



ဒီပုံကတော့ photoshop နဲ့ပြင်ထားတဲ့ပုံမဟုတ်ပါဘူး။ ဒါကတော့ အလွန်ကြီးမားတဲ့ (coconet crab) အုန်းဂဏန်း ဖြစ်ပါတယ်။ ဒီဂဏန်းမျိုးကိုတော့ ဂူအမ် ကျွန်းနဲ့ အခြား ပစီပိတ် ကျွန်းတွေမှာ တွေ့ရတတ်ပါတယ်။ သူကတော့ အန္တရာယ် မရှိတဲ့ သတ္တဝါတစ်ကောင်တော့မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်တုန်းကတော့ ပစီပိတ်ဒေသကနေ အမေရိကန်စစ်သားတစ်ယောက်က ဒီဂဏန်းအကြောင်းကို သူအိမ်ကို ရေးပို့ခဲ့ဖူးပါတယ်။ (အဲဒီကနေစပြီး သိသွားကြာတာလားမသိဘူး ဟီးဟီး)။ ဒီဂဏန်းဟာ သူ့သန်မာကြီးမာတဲ့ လက်မတွေနဲ့ အုံးသီး ကိုကွဲအောင်လုပ်နိုင်ပါတယ်။



ရွေ့ရှားမှု့ အရမ်းနှေးကွေပြီး လူတွေအတွက်လည်း အလွန်အန္တရာယ်ရှိလှပါတယ်။ အရွယ်အစားအနေနဲ့ကတော့ ခေါင်းပိုင်းက အမှီးအထိကို ၃ ပေကျော်ကျော်နဲ့ အလေးချိန် ပေါင် ၄ဝ လောက်ထိရှိပါတယ်။ သူတို့ရဲ့အဓိက အစားအစာကတော့ အုန်းသီးဘဲဖြစ်ပါတယ်။ ဒီဂဏန်းရဲ့ အသားကလဲအလွန်နူးညံ့ပြီး စားလို့ကောင်းတယ်လို့သိရပါတယ်။


0 comments: