ငရုတ်သီးမှုန့်၊ ပဲနှင့် ယိုစုံထုပ် အချို့တွင် အန္တရာယ်ရှိသည့် ဓါတုဗေဒ ဆိုးဆေးများ ပါဝင်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်

.

8/Jun/2009
ကျန်းမာရေးဝန်ကြီးဌာနမှ အန္တရာယ်ရှိသည့်ဆိုးဆေးပါဝင်သော ငရုတ်သီးမှုန့်၊ပဲနှင့်ယိုစုံထုပ်များ
ရောင်းချသောဆိုင်များနှင့်တံဆိပ်များ ကိုထုတ်ပြန်ထားကြောင်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြပါရှိသည်။ဈေး
ကွက်အတွင်းရောင်းချလျက်ရှိသော ငရုတ်သီးမှုန့်မျိုးစုံ ပဲအမျိုးမျိုးနှင့်ယိုစုံ(အချဉ်ထုပ်)များကိုကျန်းမာရေးဝန်ကြီး

ဌာနမှ ဓါတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် အစားအသောက်များအတွင်း အသုံးပြုရန်ခွင့်ပြုထားခြင်းမရှိသည့်အနီ
ရောင်ဆိုးဆေး(Rhodamine B) နှင့် လိမ္မော်ရောင်ဆိုးဆေး(Orange II) တို့ပါဝင်နေကြောင်းသိရသည်။ ကျန်းမာ
ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆိုးဆေးပါဝင်သည့်ငရုတ်သီးမှုန့် (အစိမ်း၊ အကြမ်း)၊ ပဲနီလေးနှင့် အချဉ်
ထုပ်များကို ရောင်းချသည့်ဆိုင်များနှင့် တံဆိပ်များတွင် ဇွဲတံဆိပ်(အရုတ်သီးအစိမ်း၊ အကြမ်းမှုန့်)၊ စိန်နဂါးဆိုင်
(ညောင်ပင်လေးဈေး) ငရုတ်သီးအကြမ်းမှုန့်၊ ပြည့်ဖြိုးဆိုင်(ညောင်ပင်လေးဈေး)ငရုတ်သီးအစိမ်းမှုန့်၊ ရွှေဒေါင်းနီ
ဆိုင် (သိမ်ကြီးဈေး)ငရုတ်သီးအကြမ်းမှုန့်၊ သောင်းဆိုင်(သိမ်ကြီးဈေး) ငရုတ်သီးအစိမ်း/အကြမ်းမှုန့်၊ ပြည့်ဖြိုး
အောင်တံဆိပ်(ပဲနီလေး)နှင့် ရွှေစင်တံဆိပ်(ဆီးချိုအစပ်သရက်ပေါင်း)တို့ပါဝင်ကြောင်း၂၀၀၉ခုနှစ် ဇွန်လ ၁၀ရက်
နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

0 comments: