Most Poisonous Animals in the World - Box Jelly Fish
ဒီJelly Box Fish လေးကို ကြည့်လိုက်ရင်တော့ အရမ်းလှတယ် နော်။ ဒါပေမဲ့ ကမ္ဘာ အဆိပ်အပြင်းဆုံး သတ္တဝါ ၁ဝ မျိုးထဲမှာ တော့ ထိပ်ဆုံးကနေ နေရာယူထားတာပါဘဲ။ မှတ်တမ်းများအရတော့ ၁၉၅၄ ခုနှစ်ကနေပြီးတော့ ဒီ Jelly Box Fish ရဲ့ အဆိပ်ထိပြီး အသုံးဆုံရှုံးခဲ့ရတာ ၅၅၆၇ ယောက်ရှိခဲ့ပြီလို့သိရပါတယ်။ ဒီ သတ္တဝါရဲ့ အဆိပ်နဲ့ ထိတဲ့သူက နှလုံးအရမ်းတုန်ပြီး နောက်ဆုံးအသက်ဆုံးခဲ့ရတဲ့ အထိပါဘဲ။ သူရဲ့ အဆိပ်နဲ့ ထိတဲ့ အရေပြားမှာ အလွန်နာကျင်စွာခံစားရပြီး အရေပြားဆလ်တွေပျက်စီးကာ အရေးပြားပေါ်မှတဆင့်သွေးထဲရောက်ပြီး နှလုံးကို ဒုက္ခပေးတော့တာပါဘဲ။ အဲ့လို အရေပြားကို Jelly Box Fish ထိတာတပြိုင်နက် သိသိခြင်းကို ရှာလကာရည် နဲ့ စက္ကန့်သုံးဆယ်လောက် ဆေးကြောခြင်းပြုလိုက်ရင်တော့ အသက် သေဆုံးခြင်း အန္တာရာယ်ကနေ လွတ်မြောက်နိုင်ပါတယ်။ သို့သော်လဲ လပေါင်းကြာရှည်စွာ အဆိပ်ထိထားတဲ့နေရာမှာ အလွန် နာကျင်စွာခံစားရပါတယ်။ ဒီလို အလွန့်အလွန်အဆိပ်ပြင်းတဲ့ Jelly Box Fish ကို အာရှနှင့် သြစတြေးလျ ပင်လယ် ပြင်တွေမှာတွေ့ရှိနိုင်ပါတယ်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment