ဘက်သလီဟမ်မြို့၌ ရှေးဟောင်း အမွေအနှစ်များ တူးဖော် တွေ့ရှိ

24/Jun/2009


ယေရှုခရစ်တော် မွေးဖွားသန့်စင်ရာ ဘက်သလီဟမ်မြို့တော်၌ လူနေအိမ်တစ်လုံးအား အသစ်ပြန်လည်
မွမ်းမံမှုများ ပြုလုပ်နေစဉ် အလုပ်သမားများက ပျက်စီးယိုယွင်းခြင်း မရှိသေးသည့် သင်္ချိုင်းတစ်ခုကို မထင်မှတ်ပဲ
တွေ့ရှိခဲ့သည်။ အဆိုပါရှေးဟောင်းသင်္ချိုင်းဂူအတွင်း မြေအိုးများ၊ ပန်းကန်ပြားများ၊ ပုတီးများနှင့်လူအရိုးစုနှစ်ခုကို
ပါ တွေ့ရှိရကြောင်း ပါလက်စတိုင်းရှေးဟောင်းပစ္စည်း တာဝန်ရှိသူများကဆိုသည်။ နှစ်ပေါင်း 4000 သက်တမ်းရှိ
မည်ဟု ခန့်မှန်းရသည့် အဆိုပါဂူအား မထင်မှတ်ဘဲတွေ့ရှိမှုကြောင့် Canaanite ခေတ်ကာလက ယင်းဒေသ၌အ
ခြေချနေထိုင်ငသူများ၏ မြေမြုပ်သဂြိုဟ်မှု ဓလေ့များကို လေ့လာရန်အထောက်အကူပြုပေးနိုင်မည်ဖြစ်သည်။မြေ
အောက် 1 မီတာအနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဘီစီ 1900 နှင့် 2200 အကြား ကြေးခေတ်အစောပိုင်းကာလ
သင်္ချိုင်းဂူဖြစ်ဖွယ်ရှိသည်။ တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများကို Bathlehem Paeace Center ယဉ်ကျေးမှု
ပြတိုက်၌ ထားရှိသွားမည်ဟု သိရသည်။ (ရာဟူး)


0 comments: