.
24/Jun/2009
လေယာဉ်ပြန်ပေးဆွဲတိုက်ခိုက်မှုတွင် ပူးပေါင်းကြံစည်လှုပ်ရှားခဲ့သည်ဟု စွပ်စွဲခံထားရသော စင်္ကာပူ
နိုင်ငံသား မစ္စတာ ဟူစိုင်နီ အစ္စမာအိလ်အား အင်ဒိုနီးရှားနိုင်ငံတွင် ယမန်နေ့က ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်တိုက်ခိုက်မှုဖြင့် သင်္ကာမကင်းခံထားရသော မစ္စတာ အစ္စမာအိလ်ကို အလယ်ဂျာဗားပြည်နယ်၌လွန်ခဲ့
သော ရက်သတ္တပတ်ကျော်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောကြားသည်။ မစ္စတာ အစ္စမာအိလ်သည်
ပြီးခဲ့သည့် 2001 ခုနှစ်က ဗန်ကောက်မှ ပျံသန်းလာသည့် လေယာဉ်တစ်စီး ပြန်ပေးဆွဲခံရ၍ စင်္ကာပူချန်ဂီလေဆိပ်
၌ ပျက်ကျခဲ့သောဖြစ်ရပ်တွင် ပူးပေါင်းကြံစည်လှုပ်ရှားခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် စွဲချက်တင်အရေးယူခံထားရ
သည်။ မစ္စတာ အစ္စမာအိလ်အား လိုအပ်သော စစ်ဆေးဆောင်ရွက်မှုများကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြုလုပ်နေဆဲ
ဖြစ်သည်။ (စီအန်အေ)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment