Transparent Head Fish ဆိုတော့ လွယ်လွယ်ဒီလိုဘဲခေါ်လိုက်မယ်(ခေါင်းအကြည်ရောင်ငါး)မြန်မာလိုဘယ်လိုခေါ်လဲတော့ မသိဘူး။ ဒီငါးတွေဟာ ရေနက် ပိုင်းမှာနေပြီး သူတို့ရဲ့မျက်လုံး ကတော့ထူးခြားတယ် တခြားသာမာန်ငါးတွေနဲ့ မတူဘူး။ ပါးစပ်ပေါ်က ခုနှစ်ကမျက်လုံးလိုမထင်လိုက်ပါနဲ့ မျက်လုံးမဟုတ်ပါဘူး။ အနံ့ အာရုံခံတဲ့ အော်ဂင်ပါ ရှင်းရှင်းပြောရရင် နှာခေါင်းပေါ့ဗျာ။ မျက်လုံးက လှိုင်ခေါင်းပြွန်လိုဖြစ်ပြီ ခေါင်းထဲမှာရှိပါတယ်။ မျက်လုံးကခေါင်းအတွင်းဖက် အပေါ်ကနေပြီး တော့ အရပ်မျက်နှာ အဖက်ဖက်ကို လည်းလည်ပါတ်ပြီးတော့ သားကောင်များကို ကြည့်နိုင်ပါတယ်။ (ခေါင်းနဲ့ ကြည့်ပြီးအစာရှာတာပေါ့ဗျာ)ခေါင်းထဲမှာလဲ အရည်ကြည်များနှင့်ပြည့်နေပြီးတော့ အစိမ်းရောင် မျက်လုံးများကလည်း လင်းနေပါတယ်။ အရမ်းကို မှောင်နေတဲ့ သမုဒ္ဒရာ အောက်မှာ လဲ သူရဲ့ မျက်စိက ကောင်းစွာမြင်နိုင်စွမ်းရှိပါတယ်။ အရွယ်အစားအနေအားဖြင့်တော့ ၃.၆ စင်တီမိတာ ကနေပြီးတော့ ၁၁ စင်တီမီတာအထိရှိပါသည်။ ဒီငါးတွေဟာ ပင်လယ် ရေအနက်ပေ ၆၆ဝ နှင့် ၇၇ဝ အနက်မှာသာနေထိုင်ကြပါတယ်။
(ကျွန်တော်ကတော့ ရေတိမ်မှာနေနိုင်ရင် မြန်မာနိုင်ငံကို ပို့ပြီးမျိုးပွားခိုင်းမလို့ပါ။ ညဖက်မီးလာတော့ မှန်ပုံးထဲထည့်ပြီး သူ့ခေါင်းကထွက်တဲ့အလင်းနဲ့နေလို့ရတာပေါ့။ ဖယောင်းတိုင်မဝယ်ရတော့ဘူးပေါ့)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment