ကျော်သိင်္ခ
ဇွန်လ ၁၂ ရက်
မတ်လ ၂၀ ရက်နေ့ထုတ် Phuket Gazette သတင်းစာပါ “Monkey kills owner with coconut” သတင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ မူရင်းသတင်းကို ဤနေရာတွင် နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။
ထိုင်းနိုင်ငံတောင်ပိုင်း နော့ပ်ဖီတန်မ် ခရိုင်တွင် လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အုန်းပင်တက်သမား တစ်ယောက် အား မိမိ၏အချစ်တော် မျောက်က အုန်းသီး နှင့် ခေါင်းကို ပေါက်လိုက်ရာ အဆိုပါ အုန်းပင်တက်သမား သေဆုံး သွားခဲ့ ကြောင်း
Phuket Gazette သတင်းစာမှာ ဖော်ပြထားတယ်။
တန်ဘုန် ခလန်ချိုင် ကျေးရွာတွင်နေထိုင်သော အသက် ၄၈ နှစ်အရွယ် ထိုင်းလူမျိုး လျှူရစ် ချန်ချန်ဆိုသည့် အုန်းပင်တက် သမားအား ၄င်းလေ့ကျင့်ပေးထားသော ၄င်း၏အချစ်တော်မျောက်နှင့်အတူ အုန်းသီးလာခူးပေးရန် အိမ်နီးနားချင်းတစ်ဦးက ၄င်းအား ငှားရမ်း ခေါ်ယူခဲ့သည်။
မျောက်က အုန်းပင်ပေါ်သို့ရောက်သောအခါ လျှူရစ်အား အုန်းသီးများကို အပင်ပေါ်မှ အောက်သို့ပစ်ပေးခဲ့သည်။ တစ်ကြိမ် တွင် အပင်မှ အုန်းသီးကြီးတစ်လုံးကို မျောက်က လျှူရစ်ထံသို့ လှမ်းပစ်ချပေးလိုက်သောအခါတွင် ထိုအုန်းသီးမှာ လျှူရစ်၏ ခေါင်းကို ထိမှန်ကာ လျှူရစ်မှာခေါင်းကွဲသွားပြီး သတိလည်းမရတော့ပေ။ သူ့အိမ်နီးနားချင်းက သူ့အား သာဆာလာဆေးရုံသို့ ပို့ပေးခဲ့သည်။ သို့သော် လျှူရစ်မှာ သတိပြန်လည်မလာတော့ဘဲ နောက်ပိုင်းတွင် အုန်းသီးမှန်သော ဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့သည်။
လျှူရစ်၏ ယောက်ဖ၊ အသက် ၅၄ နှစ်ရှိသော ချာရွန်ခိုမီး၏ ပြောပြချက်အရ လူရစ်အား အုန်းသီးဖြင့် ပစ်ပေါက်သော မျောက် နာမည်မှာ နောင်ခွမ်ဖြစ်ကြောင်း၊ လျှူရစ် နှင့် ၄င်း၏ အစ်ကိုတို့သည် နောင်ခွမ်အား ကော့ဆမွေးမြို့မှ ဘတ် ခြောက် ထောင့် ငါးရာ (၆, ၅၀၀) ဖြင့်ဝယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။
နောင်ခွမ်သည် ထိုင်နိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီ မြို့ရှိ ၀ိသရာလှိုင်လီင် (၀ိသရာလှိုင် = ကောလိပ်၊ လီင် = မျောက်) အဆင့်မြင့် မျောက်ကောလိပ်မှ အုန်းသီးခူးသည့် မေဂျာဖြင့် ဘွဲ့ရထားသော မျောက်တစ်ကောင်ဖြစ်ပြီး၊ အုန်းသီးခူး နှင့် အခြားသစ်သီးများ ခူးရာတွင် လိမ္မာကျွမ်းကျင်သော မျောက်တစ်ကောင်ဖြစ်ကြောင်း၊ နောင်ခွမ်သည် ၄င်း၏ အနားသို့ သခင်ဖြစ်သူ မစ္စတာ လျှူရစ် နှင့် အစ်ကိုတို့ကိုသာ အကပ်ခံကြောင်း လျှူရစ်၏ ယောက်ဖဖြစ်သူ မစ္စတာ ချာရွန်က ရှင်းပြ သည်။
“မစ္စတာ လျှူရစ်က သူ့မျောက်ကို သူအုန်းသီးသွားခူးတိုင်း ခေါ်သွားတယ်။ သူက တစ်နေ့ကို အုန်းသီးအလုံး ၃၀၀ ခူးနိုင် တယ်။ အုန်းခြံပိုင်ရှင်ဆီက အုန်းသီးတစ်လုံးခူးခ နှစ်ဘတ် ရတယ်။ အခင်းမဖြစ်ပွားခင်က လျှူရစ်က နောင်ခွမ်ကို ခရွမ်ချိုင် ရွာက အိမ်တစ်အိမ်ကို အုန်းသီးခူးဖို့ ခေါ်သွားသေးတယ်။ မျောက်ကလည်း ပထမ အုန်းပင်ကို တာဝန်ကျေစွာပဲ တက်သွား ပြီး၊ အုန်းသီးတွေကို အခက်အခဲမရှိခူးချပေးတယ်။ ဒါပေမယ့် အပင်ပေါ်ကနေ ဆင်းလာပြီးရင် နောက်တစ်ပင် မတက်တော့ ဘူး။ အဲဒီအခါ မစ္စတာ လျှူရစ်က မျောက်ကို နောက်တစ်ပင် မတက်ခိုင်းခင်မှာ အပြင်းအထန်ရိုက်တယ်။ နောက်ဆုံး မျောက် က အုန်းပင်ကို တက်တဲ့အခါမှာ စိတ်ရိုင်းဝင်လာတာ သိသာတယ်။ အုန်းသီးကို တစ်လုံးချင်း ဆွဲလိမ်ပြီး ခူးရမယ့်အစား၊ အုန်း သီးအကုန်လုံးကို ခြေထောက်နဲ့ကန်ပြီး ချွေချတော့ နောက်ဆုံး မစ္စတာ လျှူရစ်ရဲ့ခေါင်းပေါ်ကို အခုလို အုန်းသီး ပြုတ်ကျ သွားတာပေါ့” လို့ မစ္စတာ ချာရွန်က ပြောပါတယ်။
အခုလို အခင်းဖြစ်ပွားပြီးတဲ့အချိန်မှာ ထိုမျောက်အနားကို ဘယ်သူမှ မကပ်ရဲခဲ့ကြဘူး။ မစ္စတာ လျှူရစ်ရဲ့ အစ်ကိုက မျောက်ကို တစ်ခါတည်း အိမ်ကို ခေါ်ခဲ့ရပါတယ်။ သို့သော်ငြားလည်း အခြားသတင်းများက ဖော်ပြရာတွင် အဆိုပါအခင်း ဖြစ်ပွားပြီးတဲ့အချိန်မှာ မျောက်က၀မ်းနည်းပုံပေါ်နေပြီး၊ သတိလစ်နေတဲ့ သူ့သခင်ကို ဆေးရုံသို့ ခေါ်သွားခဲ့တဲ့ နောက်ဆုံး အချိန်အထိ သခင်အနားကနေ ဘယ်ကိုမှမသွားခဲ့ဘူးလို့ ဆိုပါတယ်။ မစ္စတာချာရွန်၏ ပြောပြချက်အရ အခုလိုဖြစ်သော်ငြား လည်းဘဲ မစ္စတာ လျှူရစ်၏ မိသားစုကတော့ မျောက်ကို ဆက်လက်ပြီး မွေးထားဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။
အမည်မဖော်လိုသူ မျောက်သုတေသနဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ကတော့ ဆူရတ်ဌာနီ မျောက်ကောလိပ်ကနေ ဘွဲ့ရတဲ့ မျောက်တွေဟာ အလွန်လိမ္မာကြကြောင်း နှင့် လူစကားကို နားလည်နိုင်စွမ်းရှိကြောင်း ပြောပြပါတယ်။ သို့သော်ငြား လည်း ပညာသိပ်ပြီးတော်တဲ့ မျောက်များကျပြန်တော့ သာမာန်မျောက်များထက်ပို၍ စိတ်ခံစားလွယ်ကြကြောင်း နှင့် လူတွေ က သူတို့ကို ရိုင်းစိုင်း၊ ကြမ်းတမ်းတဲ့ စကားလုံး သုံးလျှင် အလွယ်တကူ ဒေါသထွက်လွယ်ကြကြောင်း အဆိုပါ မျောက်သုတေ သန ပညာရှင်ကပြောပါတယ်။
အခုလို အမှုနဲ့ ပက်သက်ပြီး နောင်ခွမ်အား တရားစွဲဆိုမည် မဟုတ်ကြောင်းလည်း သိရပါတယ်။
http://komoethee.blogspot.com/2009/06/blog-post_4327.html
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment