ရင်းနှီးမြှုပ်နှံမှု ရံပုံငွေတစ်ရပ်ထူထောင်၍ ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာငွေ 65 ဘီလီယံ လိမ်
လည်မှုကြီးကို ဦးဆောင်ဦးရွက်ပြုခဲ့သူ ဘားနက်မားဒေါ့ဖ်အား အမေရိကန်နိုင်ငံ ခရိုင်တရားရုံးတစ်ခုကပြစ်မှုကျူး
လွန်ကြောင်းထင်ရှားသဖြင့် နှစ်ပေါင်း 150 ထောင်ဒဏ်ကျခံရန် အမိန့်ချမှတ်လိုက်သည်။ ယင်းသို့အမိန့်ချမှတ်စဉ်
တရားရုံးအပြည့် လာရောက်ကြည့်ရှု့သူများက လက်ခုပ်လက်ဝါးတီး၍ ထောက်ခံ ကြိုဆိုကြသည်။ မားဒေါ့ဖ်အား
security လိမ်လည်မှု ၊ ငွေကြေးခ၀ါချမှုတို့အပါအ၀င် စွဲချက်ပေါင်း 11 ခုဖြင့် အမြင့်ဆုံး ပြစ်ဒဏ်များကို ချမှတ်ခဲ့
ခြင်းဖြစ်သည်။ တရားသူကြီးက မားဒေါ့ဖ်သည်ဘဏ္ဍာရေးစနစ်ကြီးတစ်ခုလုံးကိုလှည့်ပတ်၍စာရွက်ပေါ်တွင်သွေး
မထွက်သောရာဇ၀တ်မှုကို ကျူးလွန်သည်ဟု ဆိုသော်လည်း ကာယကံရှင်များ၏ ခံစားရမှု အတိုင်းအတာသည်
ကြောက်ခမန်းလိလိ ဖြစ်သည်ဟုဆိုသည်။ (ဘီဘီစီ)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment