လွန်ခဲ့သောမတ်လနှောင်းပိုင်းက မက္ကဆီကိုနိုင်ငံမှစတင်ဖြစ်ပွားခဲ့သော A/H1N1 တုပ်ကွေးရောဂါ
သည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ကူးစက်ပျံ့နှံ့လျက်ရှိရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ နောက်ဆုံး ထုတ်ပြန်သော
စာရင်းဇယားများအရ ကမ္ဘာတစ်ဝှမ်းရောဂါကူးစက်ခံရသူဦးရေသည် သေဆုံးသူ 311 ဦးအပါအ၀င် 70893 ဦးသို့
မြင့်တက်ခဲ့ပြီဖြစ်သည်။ တုပ်ကွေးရောဂါကူးစက်ပျံ့ပွားမှုသည် အမေရိကန်နိုင်ငံတွင် အမြင့်ဆုံးဖြစ်ပေါ်လျက်ရှိပြီး
သေဆုံးသူ 40 အပါအ၀င် ရောဂါကူးစက်ခံရသူ အရေအတွက် 6268 ဦးရှိသည်။ ကနေဒါနိုင်ငံတွင် A/H1N1 တုပ်
ကွေးကြောင့် သေဆုံးသူ 21 ဦးအပါအ၀င် ရောဂါကူးစက်ခံရသူဦးရေ 7775 ဦးသို့ ရောက်ရှိနေပြီဖြစ်သည်။ (အေ
အက်ဖ်ပီ)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment