ပြင်သစ်မှာ ဘာကွာ ကိုမ၀တ်ဖို့ အမိန့် ထုတ်



ပြင်သစ်သမတ နစ်ကိုလပ်စာကိုးစကီးက ပြင်သစ်နိင်ငံမှာ မူစလင်အမျိုးသမီးတွေအနေနဲ့  ဘာကွာ ကို မ၀တ်ဖို့ ဥပဒေနဲ့ တားမြစ်လိုက်ပါတယ်။ ဒါဟာ အမျိုးသမီးတွေကိုဖိနိပ်ထားမှု ရဲ့  ပြယုတ်ဖြစ်နေလို့ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဘာကွာကို မူစလင်နိင်ငံတွေဖြစ်တဲ့ ပါကစ္စတန်နဲ့ အာဖဂန်နစ်စတန်နိင်ငံတွေက အမျိုးသမီးတွေ အသုံးပြုလေ့ရှိတယ်။

အမျိုးသမီးတွေအနေနဲ့  ဘာကွာ ၀တ်ရမယ်လို့ ကိုရမ်ကျမ်းမှာ ဖေါ်ပြထားခြင်းမရှိပါဘူး။ အစ္စလန် ဘာသာဝင် ယောက်ကျားရော၊ မိန်းမပါ ရိုးရိုးသားသားပဲဝတ်စားဆင်ယင်ရမယ်သာ ဆိုထားပါတယ်။

အီရန်နိင်ငံမှာ အမျိုးသမီးတွေဟာ အခွင့်ရေးတောင်းဆိုတဲ့လှုပ်ရှားမှုဖြစ်ပေါ်နေချိန်မှာ ခုထွက်ပေါ်လာတဲ့ဥပဒေဟာအီရန်အမျိုးသမီးလှုပ်ရှားမှုကိုထောက်ခံကြောင်းပြသလိုက်ခြင်းဖြစ်တယ်လို့ အကဲခတ်တွေကဆိုပါတယ်။

၂၀၀၁ ခုနစ် စက်တင်ဘာ ၁၁ ဖြစ်ပြီးနောက် နယ်သာလန်နိင်ငံမှာလည်း အစ္စလန်အမျိုးသမီးတွေ အနေနဲ့  လူထု ရှေ့ ကိုထွက်တဲ့အခါမှာ မျက်နာကိုပိတ်ပြီးမထွက်ဖို့  ဥပဒေထုတ်ပြန်ခဲ့ပါသေးတယ်။ နယ်သလန် အစိုးရရဲ့ အကြောင်းပြချက်ကတော့ လုံခြုံရေး နဲ့  လူတဦးနဲ့ တဦး ဆက်သွယ်မှုမှာ မျက်နာကို မြင်ရဖို့ ဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်လို့  ဆိုခဲ့ပါတယ်။
http://komoethee.blogspot.com/2009/06/blog-post_6864.html

2 comments:

chitpalone said...

အင်း အခုလို ဆိုတော့လည်း ကောင်းတယ်နော်။ မိန်းခလေးပါဆို လှချင်မှာပေါ့နော်။ ပါးလုံးတို့ကျောင်းမှာလည်း ဆိုမားလီးယားမလေးတွေ အဲ့လိုပဲ စကပ်ခေါင်းပေါင်းတဖားဖားနဲ့ စိတ်ညစ်စရာ သူတို့လည်း လွတ်လွတ်လပ်လပ် ၀တ်ချင်ရှာပေမပေါ့နော်။ အခုလိုဖော်ပြပေးတာကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Anonymous said...

Help US to fight for best in Burmese communities.
Expose the truth , raise your moral to respectable level.Don't do " lowlife" method.

campaign - http://tr.im/monmyat

blood-dripping http://tr.im/zawgyi

the truth - http://bit.ly/ArHman