Posted on Jun 25 09
Spamဘုရင်ကြီးဟု နာမည်ကြီးနေသော အလန်ရဲလ်စကီအား အမေရိကန်ရှိ ဒက်ထရွိုက် တရားရုံးက ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ၀က်စ်ဘလွန်းဖီးလ်ဇာတိဖြစ်သော အသက်(၆၄)နှစ်ရှိ ရဲလ်စကီးသည် ၎င်းတွင် ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဇွန်လ(၂၂)ရက်နေ့က အဆိုပါ ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ တရားရုံးမှ အဆိုအရ ကွန်ပျူတာများအား ရှုပ်ထွေးကြန့်ကြာစေမှု၊ အီးမေးလ်အတုအယောင်များ ပို့လွှတ်မှု၊ Spamများ ပို့လွှတ်မှုစသည့် စွဲချက်(၄)ခုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ အမေရိကန် တရားရေးဌာနက ရဲလ်စကီး၏ လုပ်ရပ်ကြောင့် (၂၀၀၄)ခုနှစ်၊ ဇန်န၀ါရီလမှ (၂၀၀၅)ခုနှစ် စက်တင်ဘာလအတွင်း ဆုံးရှုံးပျက်စီးမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၃)သန်းဖိုးမျှရှိကြောင်း ပြောကြားခဲ့သည်။

(Spamဘုရင် ရဲလ်စကီး)
http://www.planet.com.mm/news/read.cfm/id/12848
0 comments:
Post a Comment