ထူးဆန်းသော ရောဂါ



ဒီအကြောင်းအရာလေးကတော့ သိကြတဲ့သူတွေလဲ များလိမ့်မယ် မသိသေးတဲ့သူများအတွက် ရည်ရွယ်ပြီးတင်ပြလိုက်ပါတယ်။ အမေရိကန် ဆရာဝန် တစ်ယောက်က အင်ဒိုနီးရှားနိုင်ငံက ငါးဖမ်းသမားတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှ သစ်ပင်အမြစ်တွေလို ထွက်နေတာကို ဗီတာမင်ကျွေးပြီး ကုသခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကတော့ Dede ကိုခေါ်ပြီး အသက်၃၇

နှစ်အရွယ်ရှိပြီးဖြစ်ပါတယ်။ ဆေးကုသခဲ့သော်လည်း ရောဂါက ဆန်းပြားနေသလို ကုသခဲ့တဲ့ဆေးတွေနဲ့ကလည်း မပျောက်ကင်းဘဲဖြစ်ခဲ့ရပါတယ်။


အရင်က တော့ ဒီလူဟာ သာမာန် လူများလိုပါဘဲ ဒီလိုစဖြစ်ပုံကတော့ သူရဲ့ ဒူးခေါင်းနဲ့ လက်မှာပေါက်နေတဲ့ ကြွက်နို့တွေကို မိမိဖာသာ ဖြတ်ထုတ်ပစ်လိုက်ခြင်းမှတဆင့် ဒီလိုတစ်ကိုယ်လုံး အသားမာ အမြစ်တွေ ထွက်လာခဲ့ရတာဖြစ်ပါတယ်။ ဒီအမြစ်တွေဟာ တစ်ရက်တစ်ခြားများများလာတဲ့အတွက် သူ့အတွက်သွားရေးလာရေးအတွက် အလွန်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသလို့ တချိန်တည်းမှာအလုပ်မှ ထုတ်ပယ်ခြင်း နှင့် မိန်းမရဲ့စွန့်ပစ်ခြင်းကိုယ်လည်းခံခဲရပါတယ်။ ဒီလိုမဖြစ်ခင်ကတည်းက သူဆီမှာ ခလေး နှစ်ယောက်ရှိပါတယ်။



အခုတော့ အမေရိကန်နိုင်ငံက သူရဲ့ဒီလိုဖြစ်တဲ့ ဘဝကြီးကို ပြောင်းလဲ ပြစ်နိုင်ခဲ့ပြီးဖြစ်ပါတ်။ သူရဲ့ ခန္ဓာကိုယ်ကိုစမ်းသတ်ပြီးတဲ့နောက်ပိုင်းမှာတော့ ဒေါက်တာ Anthony Gaspari က Human Papilloma Virus (HPV)ကြောင့် ဒီလို အသားမာကြွက်နို့တွေ အဆက်မပြတ်ထွက်ခဲ့တာဖြစ်တဲ့လို့ ပြောကြားခဲ့ပါတယ်။ ဒီဗိုက်ရက်စ် တွေက အရေပြားကြားမှာနေပြီး ဒီလို ကြီးမားတဲ့ အမြစ်တွေထွက်လာအောင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဒီကိုသွေးစစ်ကြည့်တဲ့အခါမှာတော့ သူရဲ့ သွေးအုဖြူတွေက အင်မတန်နည်းနေတာကြောင့် AIDS လိုတောင် သံသရရှိစရာဖြစ်လာပါတယ်လို့ ဒေါတာ Anthony Gaspari ကပြောကြားခဲ့ပါတယ်။ ခြောက်လကြာဆေးကုခဲ့ပြီးနောက်ပိါုင်းမှာတော့ ဒီအမြစ်တွေဟာ တဖြေးဖြေးနည်းပါးလာကာ အဖုငယ်အချို့လောက်သာကျန်ရှိကာ သာမာန်လူကဲ့သို့သော ဘဝကိုပြန်လည်ရရှိ့ခဲ့ပါတယ်။

1 comments:

မင်းညို said...

ပြန်ကောင်းသွားတယ်တဲ့လား...။ ပြန်ကောင်းတဲ့ပုံရှိရင် တင်အုံးလေ.......။