ဂျပန်တွင် H1N1 ဗိုင်းရပ်စ် ကူးစက် ခံရသူ ၁၂၁ ဦးသို့ မြင့်တက်





19/May/2009





ဂျပန်တွင် တနင်္လာနေ့က လူ ၂၅ ဦးတွင် H1N1ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ကြောင်း ထပ်မံတွေ့ရှိရသဖြင့်
အဆိုပါရောဂါပိုးကူးစက်ခံထားရသူ အရေအတွက်သည် ၁၂၁ ဦးသို့ မြင့်တက်ခဲ့ကြောင်း တာဝန်ရှိ သူများက အ
တည်ပြုထုတ်ပြန်သည်။ H1N1 ဗိုင်းရပ်စ် ကူးစက်ခြင်းခံရသည့် အဆိုပါ လူ ၂၅ ဦးကို ဂျပန် အနောက်ဘက်ပိုင်း
ကိုဘေးမြို့တွင် တွေ့ရှိခြင်းဖြစ်သည်။ တဆက်တည်းမှာပင် ကိုဘေးမြို့ရှိ ဘဏ် ၀န်ထမ်း အမျိုးသမီးတစ်ဦး၌
H1N1 ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မစ်ဆူဘီရှီ UFJ ဘဏ္ဍာရေးအုပ်စုကတနင်္လာ
နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ပြီး အခင်းဖြစ်ရာ Sannomiya ရုံးခွဲရှိ သာမန်ဝန်ထမ်း ၇၀ ဦးကို မိမိအိမ်တွင် နေထိုင်
ကြရန် ညွှန်ကြားထားသည်။ (စီအန်အေ)



0 comments: