ဗြိတိန်နိုင်ငံ ဒေါ်ဆက်ဒေသ ပူးလ်မြို့တွင် နေထိုင်သော ဧပရီဂရူဘေးဆိုသော အမျိုးသမီးသည် ဟန်ဂေရီနိုင်ငံ
အမျိုးသားတစ်ဦးနှင့်အိမ်ထောင်ကျ၍သားတစ်ယောက်ရပြီးနောက် ၁၉၈၂ ခုနှစ်တွင်လင်မယားကွဲကွာခဲ့လေသည်။
ယောကျာ်းဖြစ်သူသည် သားငယ်အား လာရောက်ကြည့်ရှု့ ခေါ်ဆောင်၍ မြို့အတွင်း လှည့်လည်ကြည့်ရှု့ရာမှ ပြန်
လည်ပေါ်ပေါက်လာခြင်း မရှိတော့ချေ။ ထိုအချိန်မှစ၍ မစ္စဂရူဘေးသည် သားဖြစ်သူအား မတွေ့ရတော့ချေ။ ဟန်
ဂေရီသံရုံးနှင့် ဆက်သွယ်၍ အကူအညီတောင်း စုံစမ်းသော်လည်း အကြောင်းမထူးခဲ့ပေ။ ၂၀၀၆ ခုနှစ်တွင် သူမ၏
ယောကျာ်း ဟန်ဂေရီတွင် ကွယ်လွန်ကြောင်း ကြားသိရသည်။ ညီမဖြစ်သူ ဘယ်ရီက အင်တာနက် Facebook လူ
မှုရေး ၀က်ဘ်ဆိုက်တွင် ၀င်ရောက် ရှာဖွေကြည့်သောအခါမှ ၎င်းတူ၏ အမည်၊ မွေးဖွားရာအရပ်၊ မိခင်အမည်တို့ကို
တွေ့ရှိ၍ ဖော်ထုတ်နိုင်ခဲ့သည်။ သားဖြစ်သူ ပီဂေဘင်သည် အသက် ၂၀ ရှိ၍ ကလေး သုံးယောက်ပင် မွေးဖွားပြီး
ဖြစ်သည်။ ယခုအချိန်ရောက်မှ မိခင်နှင့် ပြန်ဆုံတွေ့နိုင်တော့သည်။ (ဘီဘီစီ)
0 comments:
Post a Comment