မေလ(၂၄)ရက်နေ့က ဗြိတိန်နိုင်ငံတွင် အစ္စလာမ်မစ်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား အဓိကရုဏ်းအချို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ လူတန်မြို့ရှိ လမ်းမများတွင် ရာနှင့်ချီသော ဆန္ဒပြသူများသည် မျက်နှာဖုံးများစွပ်ကာ အင်္ဂလန်အလံများကို ဝှေ့ယမ်းပြီး ဆန္ဒပြခဲ့ကြသည်။ March of England အမည်ရှိ မွတ်ဆလင် အဖွဲ့အစည်းတစ်ခုက တိုင်းပြည်ပြန်လာသော ဗြိတိသျှစစ်တပ်ကို ကန့်ကွက်ခဲ့မှုအား ဆန့်ကျင်ကြောင်း အော်ဟစ်နေသည့် လူထုကြီးကို ရဲများက တားဆီးရန် ကြိုးပမ်းရာမှ အချင်းများမှုများ ပေါ်ပေါက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကြောက်စရာ မျက်နှာဖုံးများ စွပ်ထားသည့် ဆန္ဒပြသူများက ဗြိတိန်နိုင်ငံအတွင်းသို့ Shariaမွတ်ဆလင်ဥပဒေ ပြန့်နှံ့ရောက်ရှိလာမှုကို မလိုလားကြောင်း ကြွေးကြော်ခဲ့ပြီး ဗြိတိသျှစစ်သားများအား လေးစားရိုသေရန် အော်ဟစ်တောင်းဆိုခဲ့ကြသည်။
(ဆန္ဒပြနေသူများ)
ဆန္ဒပြသူများတွင် ဆယ်ကျော်သက် လူငယ်များနှင့် အမျိုးသမီးများလည်း ပါဝင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဆန္ဒပြသူအချို့သည် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြသဖြင့် ရဲများက ထိန်းသိမ်းရန်ကြိုးပမ်းရာမှ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ အာရှအနွယ်ဝင် အမျိုးသားတစ်ဦးမှာ အလံငယ်တစ်ခုဖြင့် မျက်နှာကို အရိုက်ခံရပြီး နှာခေါင်းမှ သွေးများထွက်နေခဲ့ကြောင်း မျက်မြင်များကဆိုသည်။ March of Englandသည် အစ္စလာမ်ဘာသာဝင်များက ဗြိတိန်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများကို ကန့်ကွက်ဆန္ဒပြရန်နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည်။ ၎င်းတို့သည် စစ်ဆန့်ကျင်ရေး ၀ါဒများကို လူတန်မြို့ခံလူထုအား လှည့်လည်ဖြန့်ဝေ ဟောပြောပြီး ဗြိတိန်စစ်တပ်အား ရှုတ်ချမှုများ ပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ဆန္ဒပြမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရဲများသည် လမ်းမတလျှောက် ဆန္ဒပြသူများအား ၀န်းရံလိုက်ပါနေခဲ့သည်။ ဆန္ဒပြသူများ ဖွဲ့စည်းထားသည့် လူတန်မြို့ခံများ ယူနိုက်တက်ဖွဲ့မှ ၀ိန်းကင်းက ၎င်းတို့သည် စစ်ကိုလိုလားသူများ မဟုတ်ကြောင်း၊ သို့သော်လည်း စစ်ဆန့်ကျင်ရေးကို ဘန်းပြပြီး ဘာသာရေးအတွက် သိမ်းသွင်းစည်းရုံးနေသည်ကို လက်မခံကြောင်း ပြောကြားသွားသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment