မြန်မာနိုင်ငံတွင် ရေဖြင့် မော်တော်ရင်မောင်းတော့မည်တဲ့ ..ဟီးဟီး


ရေဖြင့်စက်ကိုလည်ပတ်စေသောနည်းကို ဖေါ်ပြထားပုံ

ရန်ကုန်(မေ-၂၀)။ ။ ရေမှ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်လုပ်မှု မြန်မာနိုင်ငံ၌ ပထမဆုံး စမ်းသပ်အောင်မြင်ခဲ့ကြောင်း၊ ရေနွေးဖြင့် မော်တော်ယာဉ် ၄ စီးတွင်စမ်းသပ် အောင်မြင် ခဲ့ကြောင်း ယနေ့ထုတ် ပြည်တွင်းအပတ်စဉ် ထုတ်စာစောင် Weekly Eleven တွင် ဖေါ်ပြပါ
ရှိသည်။

မြန်မာ့စွမ်းအင်သစ်အဖွဲ့ MAES မှ သုတေသန အင်ဂျင်နီယာ ဦးကျော်ကျော်၏ ပြောကြားချက်ကို အဆိုပါစာစောင်မှ ရေးသားဖေါ်ပြ ထားရာတွင် ရေ၌ပါဝင်သော အောက်စီဂျင်နှင့် ဟိုက်ဒြိုဂျင်ကို လျှပ်စစ်ဖြင့်ပြိုကွဲစေပြီး ရေဓါတ်ငွေ့ Watergas ကို အင်ဂျင်သို့ ဝင်ရောက်လည်ပတ်စေသော နည်းဖြစ်သည်ဟု ဆိုသည်။

သို့သော် နိုင်ငံတကာစမ်းသပ်တွေ့ရှိချက်များတွင် ရေတစ်မျိုးတည်းဖြင့်သာ စက်ကိုလည်ပတ်စေခြင်းဖြစ်ပြီး ယခု မြန်မာ့နည်း စမ်းသပ်ချက်တွင်မူ အင်ဂျင်တွင် မူလသုံးစွဲနေသည့် လောင်စာဆီပါရှိရမည်ဟု ဖေါ်ပြထားပြန်သည်။

အဆိုပါစာစောင် နောက်ဆုံးရေးသားချက်တွင် မြန်မာနိုင်ငံအနှံ့အပြားတွင် နေ၊ လေ၊ ရေ အရင်းအမြစ်များမှ စွမ်းအင်များထုတ်ယူသုံးစွဲ နိုင်မည့်အလားအလာ များစွာရှိပြီး ဒီရေ စွမ်းအင်ဖြင့် ကျေးရွာများတွင် လျှပ်စစ်မီးများ ထုတ်လုပ်ပေးဝေနိုင်ရန် စီစဉ်နေသည်ဟု ဖေါ်ပြထားပါသည်။

0 comments: