.
စုစုမြာ/ မေ ၅၊ ၂၀၀၉
ဒီမောဆိုမြို့နယ် စံပြ ၆ မိုင်ရွာမှ လောပိတအနီး ဒေါ်စဲကျေးရွာထိ ရှည်လျာားသော ကြက်ဆူစိုက်ခင်းအတွက် ဒေသခံပြည်သူများ၏ တောင်ယာဧကပေါင်း ၁၀၀၀ ကျော်ကို လွိုင်ကော်ဒကစမှ အတင်းအဓမ္မ သိမ်းယူလိုက်ပြီး လျော်ကြေးငွေမရရှိသည့်အတွက် ဒုက္ခရောက်နေကြရသည်ဟု ဒေသခံများကပြောပါသည်။
တောင်ယာများကို အသိမ်းခံရသောကြောင့် ရွာသူရွာသားများက အလုပ်လက်မဲ့ဖြစ်ပြီး သွားစရာတောင်ယာမရှိသော အဖြစ်သို့
ရောက်နေကြရသည်ဟုလည်း သိရပါသည်။
ကန်ခုနှစ်ဆင့်ရွာနေ ဒေသခံတစ်ဦးက “ ကျနော်တို့ရဲ့ တောင်ယာတွေကို သိမ်းခံရပြီး လျော်ကြေးလဲမရဘူး၊ တောင်ယာအစားလဲ ပြန်မရလို့စားစရာလဲ အတော်ရှာရပါတယ်။ အလုပ်မရှိအကိုင်မရှိလို့ ဒုက္ခဖြစ်ရပါတယ်။ ကျွဲ၊ နွားတွေလဲ စားကျက်မရှိတော့လို့ ငတ်နေကြရပါတယ်” ဟုပြောသွားပါသည်။
ဒေသခံတောင်သူများထံမှ အတင်းအဓမ္မသိမ်းယူလိုက်သော တောင်ယာများကို ကြက်ဆူပင်များ စိုက်ရန်အတွက် ဌာနဆိုင်ရာအသီးသီးကို တာဝန်ယူ စိုက်ပျိုး ခိုင်းနေပါသည်။
ဒီမော့ဆိုမြို့နယ် ဌာနဆိုင်ရာအတွက် ဧကပေါင်း ၈၀၀ ရှိပြီး၊ လွိုင်ကော်ဌာနဆိုင်ရာအတွက် ဧကပေါင်း ၆၀၀ အပြင် ပညာရေးဌာနအတွက် ဧက၄၀ အသီးသီးစိုက်ပျိုးခိုင်းပြီး ပညာရေးဌာနမှ ကျောင်းဆရာ၊ မတစ်ဦးလျှင် ငွေ ၁၀၀၀ ကျပ် ထပ်မံကောက်ခံခဲ့ပါသည်။ ထိုကဲ့သို့ လူကိုယ်တိုင် အပင်ပန်းခံ၊ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီးစိုက်ပျိုး ခဲ့ကြသော်လည်း အောင်မြင်မှုမရှိပဲ ဖြစ်နေသည်ဟု ကျောင်းဆရာဟောင်း တစ်ဦးကပြောသည်။
ထို့အပြင် ကြက်ဆူစိုက်ခင်းများကို ကြည့်ရှု့နိုင်ရန်အတွက် လမ်းများဖောက်လုပ်ရာတွင် ဒေသခံများကို အတင်းအဓမ္မ လုပ်အားပေး စေခိုင်းလျှက်ရှိပြီး စံပြ ၆ မိုင်ရွာမှ ဒေါ်စဲရွာ အကွာအဝေးမှာ ၇မိုင်ရှိပြီး အကျယ် ၁၂ ပေရှိသော သဲခင်းလမ်းကို စံပြ ၆ မိုင်ရွာတွင် ၂မိုင်ခန့်နှင့် ဒေါ်စဲရွာဖက်တွင် ၁မိုင်ခန့်သာ ခင်းပြီ ကြားလမ်းတွင် လှည်းလမ်းသာအဖြစ် ထားရှိပါသည်။
လမ်းဖောက်လုပ်ရာတွင် ဒေသခံရွာသားများ၊ ၆ မိုင်အုပ်စု၊ ကန်ခုန်နှစ်ဆင့် အုပ်စု၊ ဒေါ်ကလောဒူအုပ်စုများမှ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခံခဲ့ရသည်ဟု ကျောင်းဆရာဟောင်းတစ်ဦးက ဆိုပါသည်။ ၎င်းလမ်းများကို ၂၀၀၈ ခုနှစ်တွင် စတင်ဖောက်လုပ်ပြီး ၂၀၀၉ ခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့ပါသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment