လူသားပုံတူမျိုးပွားမှု ပြုလုပ်ခဲ့သည်ဟု ယူဆရသော ဆရာဝန်တစ်ဦးသည် ထောင်ဒဏ်နှစ်ရှည်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။ ဒေါက်တာပင်နာယွိုင်တစ် ဇာဗို့စ်သည် ယခုအခါ သေဆုံးသူမျာ၏ DNAကို ရယူပြီး ပုံတူသန္ဓေသားလောင်းများ ဖန်တီးမှုအတွက် အပြင်းအထန် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။ ၎င်းသည် ထိုသန္ဓေသားလောင်းများကို သားသမီးလိုချင်သော အမျိုးသမီးများ၏ သားအိမ်အတွင်းသို့ ပေါင်စတာလင် (၅၀၀၀၀)ဖြင့် ထည့်သွင်းပေးခဲ့ကြောင်း ၀န်ခံခဲ့သည်။ ၎င်းအနေနှင့် သားလောင်း (၁၄)ခုထိကို အရွယ်ရောက်ပြီး လူ့အရေပြားဆဲလ်များဖြင့် ဖန်တီးပြုလုပ်ခဲ့ကြောင်း၊ သားလောင်း(၁၁)ခုကို အမျိုးသမီး(၄)ဦး၏ သားအိမ်အတွင်း ထည့်သွင်းပေးခဲ့ပြီးကြောင်း ဇာဗို့စ်က ဆိုသည်။
(ဒေါက်တာပင်နာယွိုင်တစ်ဇာဗို့စ်)
သို့သော်လည်း ကံဆိုးစွာဖြင့် ထိုအမျိုးသမီးများအားလုံး ကိုယ်ဝန်မရခဲ့ပေ။ သို့သော်လည်း အမေရိကန် အာဏာပိုင်များက အရှေ့အလယ်ပိုင်း နိုင်ငံများတွင် သွားရောက်အလုပ်လုပ်နေသော ဇာဗို့စ်သည် ကမ္ဘာ့ပထမဆုံး ပုံတူလူသား သန္ဓေသားတစ်ဦးကို မွေးဖွားပေးခဲ့ပြီးဖြစ်ကြောင်း သံသယရှိနေသည်။ လူသားပုံတူမျိုးပွားခြင်းကို တရားဥပဒေအရ ပိတ်ပင်ထားသော်လည်း ဆိုက်ပရပ်စ်နိုင်ငံတွင် မွေးဖွားပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသည့် ဇာဗို့စ်က ထိုလုပ်ရပ်ကို ကျူးလွန်ခဲ့ပြီးဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ ဇာဗို့စ်သည် အင်တာဗျူးတစ်ခုတွင် ၎င်းအနေနှင့် သန္ဓေသားလောင်းများ ဖန်တီးရန် ကွယ်လွန်ခဲ့သူ (၃)ဦး၏ DNAကို ရယူခဲ့ကြောင်း၊ ထိုအထဲတွင် (၁၀)နှစ်အရွယ် မိန်းကလေးငယ် ကေဒီ၏သွေးကိုလည်း ရယူထားခဲ့ကြောင်း ထုတ်ဖော်ဝန်ခံသွားသည်။
(ကေဒီ)
ဇီဗို့စ်က ၎င်း၏လုပ်ရပ်မှာ လူသားပုံတူ မျိုးပွားခြင်းမဟုတ်ဘဲ သန္ဓေအောင်ရန် ခဲယဉ်းသည့် အမျိုးသမီးများ၏ ဗီဇဆဲလ်များနေရာတွင် လူသားအဖြစ်သို့ ရောက်ရှိလာနိုင်ခြေရှိသည့် သန္ဓေဆဲလ်များကို အစားထိုးပေးခြင်းသာဖြစ်ကြောင်း အကြောင်းပြထားသည်။ ထိုသို့သော လုပ်ရပ်မျိုးကို ကမ္ဘာပေါ်တွင် သူတစ်ယောက်တည်း လုပ်နေခြင်းမဟုတ်ဟု ဇာဗို့စ်က Independentသတင်းဌာနသို့ ပြောကြားလိုက်သည်။ ထိုလုပ်ငန်းအတွက် သားသမီးရရန် ခက်ခဲနေသည့် စုံတွဲ(၁၀၀)ကျော်က ၎င်းထံဆက်သွယ်ခဲ့ကြောင်းလည်း ဇီဗို့စ်ကဆိုသည်။ ဇီဗို့စ်အသုံးပြုခဲ့သည့် (၁၀)နှစ်သမီးလေးကေဒီ၏သွေးမှာ ကေဒီလေးကားတိုက်ခံရသဖြင့် ကွယ်လွန်ပြီးနောက် မိခင်ဖြစ်သူက ဇီဗို့စ်အား ပေးထားခြင်းဖြစ်သည်။
(လူသားပုံတူမျိုးပွားခြင်းအဆင့်ဆင့်)
ထိုစဉ်က ဇီဗို့စ်သည် ကေဒီလေး၏သွေးဖြင့် ဇီဝစမ်းသပ်မှုများ ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောဆိုကာ ရယူခဲ့ခြင်းဖြစ်ပြီး သောကဖြစ်နေသော မိဘများကလည်း သဘောတူခဲ့သည်။ ဗြိတိသျှသိုးမလေး ဒေါ်လီကို ပုံတူမျိုးပွားကာ တိရစ္ဆာန်လောကတွင် ပုံတူမျိုးပွားမှု အောင်မြင်ခဲ့ပြီးနောက် ပညာရှင်များက လူသားပုံတူမျိုးပွားမှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ခဲ့ကြသည်။ ဗြိတိန်တွင်မူ ဆေးပညာတိုးတက်ရေး ရည်ရွယ်ချက်အတွက် လူသားသန္ဓေသားများ ဖန်တီးရန် ခွင့်ပြုထားသော်လည်း (၁၄)ရက်ထက် ပိုမထားဘဲ ဖျက်ဆီးပစ်ရန် ညွှန်ကြားထားပြီးဖြစ်သလို အမျိုးသမီးများ၏ သားအိမ်အတွင်း ထည့်သွင်းရန်လည်း ခွင့်မပြုချေ။ လက်ရှိအချိန်တွင်မူ ဒေါက်တာဇီဗို့စ်အား အရေးယူရန် သင့်မသင့်ကို ဆရာဝန်များကြားတွင်ပင် သဘောထားကွဲလွဲနေကြကြောင်း သတင်းများက ဖော်ပြခဲ့သည်။
http://www.planet.com.mm/news/read.cfm/id/12385
0 comments:
Post a Comment