23/May/2009
မန်ချက်စတာတက္ကသိုလ်မှ ဆေးပညာရှင်အဖွဲ့တစ်ဖွဲ့သည် ဥရောပတိုက်မြို့ကြီး ၈ မြို့မှ အသက် ၄၀-၇၉ အတွင်းရှိ
အမျိုးသား ၃၀၀၀ အား လေ့လာစမ်းစစ်မှုများ ပြုလုပ်ခဲ့ရာ ဗီတာမင်-ဒီ အဆင့်မြင့်မားသူများသည် မှတ်ဥာဏ်ပိုမိုကောင်း
မွန်၍ သတင်းအချက်အလက်များကို တုန့်ပြန်ရာတွင် ပိုမိုသွက်လက်မှန်ကန်ကြောင်းလေ့လာတွေ့ရှိရသည်။ ဗီတာမင်-ဒီ
သည် ဦးနှောက် ကလပ်စည်းများအား အကာအကွယ်ပေး၍ ဦးနှောက်တွင်း လမ်းကြောင်းများအား ကောင်းမွန်အောင်ပြု
လုပ်ပေးသည်ဟု ပညာရှင်အဖွဲ့ကယုံကြည်ကြသည်။ ထို့ကြောင့် ဗီတာမင်-ဒီသည် ဘ၀၏ နောက်ပိုင်းအချိန်များတွင် လူ
၏ဦးနှောက်အား ကောင်းစွာ လုပ်ငန်းဆောင်ရွက်နိုင်ရန် ပြုပြင်ပေးရာတွင် အရေးပါကြောင်း သက်သေ ပြနိုင်ခဲ့ကြသည်။
ဗီတာမင်-ဒီ အဆင့်နိမ့်သူများသည် တုန့်ပြန်မှု ညံ့ဖျင်းသည်ကို တွေ့ရသည်။ ငါးများနှင့် နေရောင်တွင် အများအပြား ရရှိ
နိုင်သော ဗီတာမင်-ဒီသည် စိတ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှု ကောင်းမွန်အောင်မည်သို့အထောက်အကူပြုသည်ကိုရှင်းလင်
စွာ မသိရှိရသေးချေ။ ဗီတာမင်-ဒီသည် အဆစ်အမြစ်ရောင်ရောဂါကို သက်သာစေ၍ အရိုးပွကွဲအက်ခြင်းကို လျော့ပါးစေ
သည်။ နှလုံးရောဂါနှင့် အချို့သော ကင်ဆာရောဂါများအတွက်အထောက်အကူပေးနိုင်သဖြင့်လူသားအတွက် လွန်စွာအ
ရေးပါကြောင်း ပြဆိုလျက်ရှိသည်။ ထို့ကြောင့်ပင် အဆင့်ဆင့် ပြောင်းလဲမှု ဖြစ်စဉ်အရ လူတို့သည် နေရောင်ခြည်ကို နှစ်
သက်မြတ်နိုးကြသည်။ (ဘီဘီစီ)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment