ရှေးခေတ် အင်္ဂလိပ်အိမ်ကြီး တစ်ခု၏ ထပ်ခိုးတွင် တစ္ဆေတစ်ကောင်၏ ပုံရိပ်ဟု ယူဆရသည့် အရာတစ်ခုကို ဓာတ်ပုံဆရာတစ်ဦးက မှတ်တမ်းတင်နိုင်ခဲ့သည်။ ထိုဓာတ်ပုံကို ဒေါက်တာ အက်ဒွပ်ဂျင်နာ ပိုင်ဆိုင်သော အိမ်ကြီးအတွင်း ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ကျောက်ရောဂါ ကုသဆေးကို တီထွင်ခဲ့သူဖြစ်သည်။ ထပ်ခိုး၏ ဘယ်ဖက်တွင်ရှိသော တံခါးပေါက်တွင် တစ္ဆေတစ်ကောင် ဖြတ်သန်းသွားသည်ဟု ယူဆရသည့် လူပုံသဏ္ဍန် အငွေ့တစ်ခုကို ဓာတ်ပုံဆရာက မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ နောက်ထပ်ရိုက်သော ဓာတ်ပုံတွင် အဆိုပါ အရိပ်ကို မမြင်ရတော့ပေ။
(ဒေါက်တာအက်ဒွပ်ဂျင်နာ)
ထိုပုံကို မေလ(၁၅)ရက်နေ့ကတည်းက ရိုက်ကူးထားခြင်းဖြစ်ပြီး အိမ်ကြီးအတွင်းမှာပင် ကွယ်လွန်သွားခဲ့သည့် ဒေါက်တာအက်ဒွပ်၏ အစေခံတစ်ဦးက အိမ်ကြီးကို စိတ်စွဲပြီး တစ္ဆေအဖြစ် လျှောက်သွားနေခြင်းဖြစ်နိုင်ကြောင်း ဓာတ်ပုံဆရာ ခရစ်ဆန်ဒီးစ်က ယူဆလျက်ရှိသည်။ “ကျွန်တော်က တစ္ဆေသရဲတွေကို အယုံအကြည် မရှိပါဘူး။ ဒါပေမယ့် မြင်ရတဲ့ဓာတ်ပုံက ထူးဆန်းတာတော့ အမှန်ပဲ”ဟု ပြောကြားခဲ့သည်။ ၎င်းသည် ဒေါက်တာအက်ဒွပ်နှင့်ဆိုင်သည့် မွေးရပ်မြေ ပြတိုက်တစ်ခု ထူထောင်ရန်အတွက် BBCသတင်းဌာနကို ကိုယ်စားပြုပြီး အိမ်ကြီးတစ်ခုလုံးကို ဓာတ်ပုံလိုက်ရိုက်ခဲ့ခြင်းဖြစ်သည်။ “ပထမပုံကို ရိုက်ပြီး ကင်မရာထဲမှာ Previewပြန်ကြည့်တော့ တခုခုလွဲနေပြီလို့ စိတ်ထဲမှာ ထင်မိတယ်။ ဒါနဲ့ပဲ အဲဒီအနေအထားအတိုင်း နောက်တစ်ပုံ ထပ်ရိုက်လိုက်မှ ဒီအရိပ်ကို ရှင်းရှင်းလင်းလင်း သတိထားမိတာပါ”ဟု ခရစ်ကဆိုသည်။
(ဝိုးတဝါးအငွေပုံရိပ်တစ်ခုပါသည့် ဓာတ်ပုံနှင့် ပုံရိပ်မပါသည့်ဓာတ်ပုံ)
ထိုဓာတ်ပုံနှစ်ပုံကို ရိုက်ကူးရာတွင် အခန်းအတွင်း အလင်းရောင်အနေအထား ပြောင်းလဲမှု မရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ထိုဓာတ်ပုံများတွင် အတုအယောင် ဖန်တီးမှုများ လုံးဝမပါကြောင်း ခရစ်က ပြောကြားခဲ့သည်။ ထိုပုံ(၂)ပုံကို ယှဉ်ကြည့်ပြီးနောက် အလွန်အံ့ဩခဲ့ရသည်ဟု ပြတိုက်တာဝန်ခံ ဆာရာပါကားကဆိုသည်။ အိမ်ကြီးကို ပိုင်ဆိုင်သည့် ဒေါက်တာအက်ဒွပ်သည် (၁၇၄၉)ခုနှစ်က မွေးဖွားပြီး (၁၈၂၃)ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ၎င်းသည် ကမ္ဘာ့ဆေးပညာသမိုင်းတွင် ကုသဆေးများ ဖော်ထုတ်မှုအတွက် ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့သည့် ပညာရှင်ကြီးအဖြစ် ယနေ့တိုင် သတ်မှတ်ခံထားရသည့် ပညာရှင်ကြီးဖြစ်သည်။
http://www.planet.com.mm/news/read.cfm/id/12592
0 comments:
Post a Comment