အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဆိုင်ကလုန်းမုန်တိုင်း Aila၏ဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရပြီးနောက် မေလ(၂၈)ရက်နေ့ထိ မုန်တိုင်းအတွင်း ပျောက်ဆုံးနေသူဦးရေ အနည်းဆုံး (၁၀၀၀)ကျော်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုနေ့အထိ ကောက်ခံရရှိသော စစ်တမ်းအရ မုန်တိုင်းအတွင်း ပျောက်ဆုံးသွားသူ (၁၁၂၃)ဦးရှိကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ Ailaသည် မေလ(၂၅)ရက်နေ့က ကုန်းတွင်းဝင်ရောက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် သေဆုံးသူဦးရေ (၁၃၁)ဦး ရှိပြီး အိန္ဒိယတွင် (၁၂၀)ကျော် သေဆုံးခဲ့သည်။ Xinhuaသတင်းဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ၀န်ကြီးဌာနသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂိုလမ်ကီဘီရားက မုန်တိုင်းကြောင့် လူပေါင်း(၆၅၀၀)ကျော် ထိခိုက်ဒဏ်ရာရပြီး လူဦးရေ (၃.၄၇)သန်းမျှ မုန်တိုင်းဒဏ်ကို ခံခဲ့ရကြောင်း ဖြေကြားခဲ့သည်။ ထို့အပြင် မုန်တိုင်းသည် ကမ်းရိုးတန်းရှိ ခရိုင်ကြီး (၁၄)ခုကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး အိမ်များကို ပျက်စီးစေခဲ့သောကြောင့် လူ(၁)သန်းကျော်သည် ရွက်ဖျင်တဲများတွင် နေထိုင်နေရဆဲဖြစ်သည်။ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များတွင် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း တောင်းဆိုမှုများ မြင့်တက်လျက်ရှိပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ၀န်ကြီးဖြစ်သူ အက်ဘ်ဒါရာဇက်ခ်ကလည်း နောက်ထပ် ရွက်ဖျင်တဲများ အရေးတကြီး လိုအပ်နေဆဲဖြစ်သလို နောက်ဆက်တွဲ ပြဿနာများကြောင့် သေဆုံးသူပမာဏ မြင့်တက်လာနိုင်ကြောင်း ၀န်ခံခဲ့သည်။ Ailaသည် ဘင်္ဂလားပင်လယ်အော်အတွင်း မေလ(၂၃)ရက်နေ့က စတင်ပေါ်ပေါက်လာပြီးနောက် မေလ(၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင် ကမ်းခြေသို့ တစ်နာရီလျင် ကီလိုမီတာ (၇၀)မှ (၉၀)ထိ ပြင်းထန်သောနှုန်းဖြင့် ၀င်ရောက်တိုက်ခတ်ခဲ့သည်။ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လှိုင်းကြီးမှုများလည်း ပေါ်ပေါက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အစိုးရသည် လက်တလော အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ (၃၁၈၅၇၁)နှင့် ဆန်(၁၀)တန်ကို မုန်တိုင်းဒဏ်ခံ ဒေသများသို့ ပေးပို့ထားကြောင်း သတင်းရရှိသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment