ဒါမြရေ လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။
ကရင်တော်လှန်ရေးရဲ့သမိုင်းကိုအနည်းငယ်ဝေမျှပါရစေ။ နောက်ဆုံးလွတ်လပ်ရေးတိုက်ပွဲအနေနဲ့ဖက်စစ်ဂျပန်တွေကိုတော်လှန်တဲ့အခါ၊ကျဆုံး
ဖက်စစ်တပ်အင်အားရဲ့ ၇၀% ကို ကရင်တပ်တွေကသုတ်သင်ပေးခဲ့တာကိုသတိရစေချင် ပါတယ်၊ သို့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် ဒီအကြောင်းကိုစစ်တက္ကသိုလ်မှာ
မသင်ခဲ့ရဘူးဆို ရင်လိုအပ်တဲ့သမိုင်းထောက်ထေားတွေကို ပို့ပေးလို့ရပါတယ်။
လွတ်လပ်ရေးတိုက်ပွဲမှာ အဓိကအခန်းကန္တာမှာပါဝင်ခဲ့ပေမဲ့ လွတ်လပ်ရေး ရတဲ့အချိန်မှာ အာဏာယူတာတွေ၊ ခွဲထွက်ချင်တ်ာမရှိခဲ့ပါဘူး။ အဲဒီတုန်း တန်းတူ ညီ တူ ရှိရေးဆိုပြီး ၁၁-၂-၁၉၄၈ တွင် ကရင်လူထုက ဖဆပလ ထံမှငြိမ်းချမ်းစွာတောင်းတာက-
၁၊ ကရင်ပြည်သတ်မှတ်ရန်
၂၊ ကရင်တစ်ကျပ်ဗမာတစ်ကျပ်ပြဌာန်းရန်
၃၊ လူမျိုးရေးအဓိကရုန်းအလိုမရှိ
၎၊ ပြည်တွင်းစစ်အလိုမရှိ
သို့သော်လည်း တန်းတူညီတူရှိရေးဆိုတဲ့ ဒီမိုကရေစီအခွင့်အရေးတောင်းဆိုမူ့ကနေ
လက်နှက်ကိုင်တော်လှန်ရေးကို တွန်းပို့ ခြင်းခံရတာ ဘယ်သူ့မှာတာဝန်ရှိလဲ၊
အဲဒီတုန်းက စစ်ဖက်ဆိုင်ရာခေါင်းဆောင်များနှင့် Burma Rifle တပ်တွေမှာ ဘယ်
သူတွေရှိ တယ်ဆိုတာ စစ်သမိုင်းမှာသင်ရမယ်လို့ယုံကြပါတယ်။ကရင်တွေဟာမောင်
ရင် ပြောသလိုယုတ်မာတယ်၊ ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုရင် အဲဒီကတည်းက စစ်ရေး
ဖြင့် တဖက်သတ် အနိုင်ယူလို့မရဘူးလား။ ငြိမ်းချမ်းစွာအဖြေရှာ ရေးကို ဦးစားပေး တဲ့
ကရင်လူမျိုး များအနေဖြင့် ရရှိခဲ့တာကတော့ ၂၅.၁၂.၁၉၄၈ မြိတ် နှင့်ထားဝယ် ကြား
တွင် ရှိ သော ပလောရွာတွင် ခရစ်စမတ်ည၀တ်ပြုဆုတောင်းနေသော ကရင်တိုင်းရင်း
သား (လက်နက်မဲ့ အရပ်သား) များကို ပစ်ခတ်ပြီး အစုလိုက်အပြုံလိုက် (Genocide)
သတ်ဖြတ်မူ့မှာ အမျိုးသမီးနှင့်ခလေးများအပါအ၀င် ၁၀၀ ကျော်သေဆုံးခဲ့ပြီး အဲဒီကနေတဆင့်၂၀.၁.၁၉၄၉ သနပ်ချောင်းမှာကရင်အမျိုးသမီးများကို မုဒိမ်းကျင့် သတ်ဖြတ်ကာပစ္စည်းလုရွာမီးရှို့ခြင်း၊ ၂၈.၁.၁၉၄၉ ရန်ကုန်မြို့ကရင်ရပ်ကွက် ဖြစ်သော အလုံစမ်းချောင်း၊ သူဋ္ဌေးကုန်း ကိုလက်နက်ကြီး ဖြင့်ပစ်ခတ်ခြင်း၊ ဒါတွေကိုလိုက်ပြောရင်အများကြီးဘဲ၊ သို့သော် အဓိကအချက်က-
“ အဲဒီအချိန်ထိ ကရင်လက်နှက်ကိုင်တော်လှန်ရေးမစသေးဘူး။ ၃၁.၁.၁၉၄၉ ကျမှ လက်နှက်ကိုင်ပြီး ကို့ကိုယ် ကိုကာကွယ်ရင်း လက်နှက်ကိုင်တော်လှန်ရေး စခဲ့ တာ ဖြစ်တယ်။”
ဒီသမိုင်းအထောက်အထားတွေ ကြည့်ရင် ဘယ်သူက ငြိမ်းချမ်းရေးကိုတန်ဖိုးထား
ဖေါ်ဆောင်နေသလဲဆိုတာကိုတာကို မြင်တတ်မယ်လို့ထင်ပါတယ်။
မောင်ရင်ပြောတဲ့အထဲမှာ မှန်တာတစ်ခုပါတယ်။ အဲဒါက ယုတ်မာမူ့ကြောင့်
ငြိမ်းချမ်းရေး ဆုံရှုံးနေတာဆိုတာဘဲ။ မောင်ရင် မမွေးခင်ကသမိုင်းကြောင်း
တွေပြောရင် မောင်ရင် စိတ်ညစ်သွားလိမ့်မယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့ ၂၀၀၇
စက်တင်ဘာအရေးအခင်း ကို ပြန် ကြည့်ရင် ပြည်သူလူထု ရဲ့လိုအပ်ချက်ကို
ရဟန်းသံဃာတွေက ဦးဆောင်ပြီးတောင်းဆိုတာက-
၁၊ စော်ကားခံရသောရဟန်းသံဃာများကို ပြန်လည်တောင်းပန်ရန်
၂၊ ဓါတ်ဆီဈေး နှုံး ပြန်လျော့ချရန်
၃၊ ကုန်ဈေးနှုံး ကျဆင်းရေးအတွက်ဆောင်ရွက်ရန်။
အဲဒါတွေဟာ မဖြစ်နိုင်တာတွေ တောင်းနေတာလား၊ ငြိမ်းချမ်းရေးကိုတန်ဖိုးထား
တတ်တယ်ဆိုရင် အမှတ်စဉ် ၁ တောင်းဆိုချက်ကို စိတ်ပါသည်ဖြစ်စေ မပါသည်
ဖြစ်စေ ကိုယ်စားတစ်ယောက် ကို တောင်းပန်ခိုင်းရင်မပြေလည်ဘူးလား၊ တပ်
ချုပ်ကိုတိုင်တောင်းပန်ဖို့ မတောင်းဆိုပါဘူး။ အမှတ်စဉ် ၂ နှင့် ၃ နဲ့ ပတ်သက်ပြီး
ကြေငြာချက်ထုတ်ပြီး တိုင်းပြည်အတွက် အပြုသဘော ဆောင်တဲ့ကြိုးပန်းအား
ထုတ်မူ့ပြရင် သံဃာတော်တွေကျေနပ်ပြီး မပြေလည်နိုင်ဘူးလား၊ တကယ်လို့
မောင်ရင် သာ တပ်ချုပ်ကြီးနေရာမှာရှိနေခဲ့ ရင် ဘယ်လိုဖြေရှင်းမလဲ။ ဒါဆိုရင်
ယုတ်မာမူ့တွေဟာ ဘယ်သူ့ဖက်မှာရှိနေသလဲ၊
၂၀၀၆ မှာ ပြည်ပမှလောင်စာဆီတင်သွင်းပါမစ်ကို ဦးတေဇ ရရှိပြီးကတည်းက
ဆီဈေးနှုံး နဲ့ ကုန်ဈေးနှုံး ကမောက်ကမဖြစ်နိုင်တာ လုပ်ငန်းရှင်အများစုကကြို
တွက်ပြီးသားပါ။ဦးတေဇ နှင့်တပ်ချုပ်ကြီး ရဲ့ပတ်သက်မူ့ကိုမောင်ရင်ပိုသိမှာပေါ့။
မောင်ရင်ပြောတော့ စစ်မှာ တရားတာတွေမတရားတာတွေ မရှိဘူးဆိုတာ
ဟုတ်လား၊ စစ်တက္ကသိုလ် မှာ အဲဒီလိုဘဲသင်ပေးလား၊ မောင်ရင် တို့တိုက်
နေတာ နိုင်ငံခြားသားမဟုတ်ဘဲ ကို့လူမျိုး ကိုတိုတ်နေတာ သိရဲ့ လား၊
ပြီးတော့ စစ်တက္ကသိုလ်မှာမုဒိန်းကျင့်နည်းသင်ပေးနေလို့လား၊ ဒီပဲရင်းလုပ်ကြံ
မူ့ဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခ်ာထိခိုက်တယ်လို့ မစဉ်းစားမိဘူးလား၊ တပ်မတော်
ရဲ့ဆောင်ပုဒ်တွေ၊ သဘောထားတွေ မောင်ရင်တို့မေ့မှာ စိုးလို့ အမြော်အ
မြှင်ကြီးစွာနဲ့ လမ်းဘေးမှာ စိုင်းဘုတ်ကြီးတွေစိုက်ထား တာသတိရအုံးလေ၊
မောင်ရင်ပြောတော့ ကရင်ပြည်သူလူထုတွေဟာ စစ်ပွဲတွေကြောင့် စိတ်မချမ်း
သာဘူး ဒေသတွင်းမဖွံဖြိုး ဘူး၊ ဒါဆိုရင် မောင်ရင်တို့အညာဒေသမှာ စစ်ပွဲတွေ
မရှိဘဲနဲ့ ဆင်းရဲမွဲတေခြင်း၊ စစ်တပ်၏အနိုင်ကျင့်မူ့ခံရဲခြင်း၊ အဓမလုပ်အားပေး
မူ့တွေ၊ ဆတ်ကြေးပေးရတာတွေ၊ လယ်ယာမြေအသိမ်းခံရတာတွေ၊ ဖိနှိပ်
အုပ်ချုပ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေ ဘာလို့ရှိနေတာလဲ၊ ဒါတွေကို
တကယ်ဘဲမမြင်တတ်တာလား၊ တမင်သက်သက်မမြင်ချင်ဟန်ဆောင်နေ
တာလား။ ကရင်ဒေသကိုဖွံဖြိုးအောင်မလုပ် ချင်တာ ထား အခြာဒေသ
မှာနေတဲ့ ပြည်သူတွေဆင်းရဲပြီး တပ်မတော်ရဲ့အနိုင်ကျင့်တာဘာလို့ခံနေ
ရတာလဲ၊
မောင်ရင်တို့တပ်မတော်ရဲ့ ရပ်တည်ချက်ဟာ ဘယ်သူ့တွက်လဲ၊
ပြည်သူ့တွက်ရပ်တည်နေတာလား၊ ဒါမှမဟုတ်အာဏာရှင်တစုအတွက်
ရပ်တည်နေတာလား၊
နိုင်ငံတကာရောက်ပညာတတ်တစ်တယောက် အနေဖြင့် အမှန်တရားကို
မြင်တတ်ပြီး ပြုပြင်နိုင်ပါစေ။
ဖူးဒို
၃၀.၅.၂၀၀၉
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment