28/May/2009
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီးဘေးဥပဒ်အန္တရာယ် ကင်းရှင်း
ကာအကျိုးအာနိသင်ရှိသောဆေးဝါးများကိုအများပြည်သူတို့သုံးစွဲနိုင်ရန်စနစ်တကျကွပ်ကဲကြပ်မတ်လျက်ရှိသည်။
ဈေးကွက်နမူနာများကို ဓါတ်ခွဲစစ်ဆေးချက်အရ အောက်ပါဆေးဝါးနှစ်မျိုးမှာဆေးဝါးအတုဖြစ်နေကြောင်းစစ်ဆေး
တွေ့ရှိရသည်။ Xian Pharmaceutical Factoryကုမ္ပဏီမှထုတ်လုပ်သော Tetracycline Hydrochloride 250 mg
Capsule နှင့် ကုမ္ပဏီအမည် ဖော်ပြထားခြင်းမရှိသော Tabellae Metronidazoli 0.2 gx100 ( R အမှတ်တံဆိပ်,
1995) တို့ဖြစ်ပါသည်။ အထက်ပါဆေးဝါးနှစ်မျိုးမှာ မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိပါကြောင်းနှင့်
ဆေးဝါးအာနိသင် လုံးဝ(လုံးဝ)မရှိပါကြောင်း အသိပေးအပ်ပါသည်။ ဆေးဝါးအတု၊ စံမညီဆေးဝါးများကိုမှီဝဲသော
ရောဂါဝေဒနာရှင် များသည်စရိတ်များစွာ ကုန်ကျသည့်အပြင် မိမိတို့ခံစားနေရသော ရောဂါများ ပျောက်ကင်းခြင်း
(လုံးဝ)မရှိဘဲ ပိုမိုဆိုးရွားသောအခြေအနေကို ခံစားရမည်ဖြစ်သည်။ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေး
ဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ ၊ဆေးဝါးအတု၊ စံ
မညီဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ
အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ (၁၈)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ပါကြောင်း၂၀၀၉
ခုနှစ် မေလ ၂၈ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment