ကံကောင်းလှတဲ့ ကားမောင်းပြိုင်ပွဲဝင်သူနှစ်ဦး

ဝေလနိုင်ငံ တောလမ်းRellyကားပြိုင်ပွဲတွင် တစ်နာရီ(၁၁၅)မိုင်နှုန်း မောင်းနှင်လာသည့်ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းချော်ကာ ငါးပတ်မျှ ဂျွမ်းထိုးတိမ်းမှောက်သွားပြီး ကားတစ်စင်းလုံးလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့သည်။ ကယ်ဆယ်ရေးများက ပြင်းထန်သော ယာဉ်တိုက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် ဒါရင်ပိုးလ်နှင့် ခရစ်ဘီယားတို့နှစ်ဦးလုံး အသက်ဆုံးရှုံးခဲ့ပြီဟု ယူဆခဲ့ကြသေးသည်။ သို့သော်လည်း ကားပေါ်တွင် လိုက်ပါလာသည့် ပြိုင်ပွဲဝင်နှစ်ဦးလုံး အနည်းငယ်သာ ထိခိုက်မှုရှိခဲ့ပြီး ဆေးရုံမှ ထိုနေ့တွင်ပင် ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။ (မေ ၃)



0 comments: