တော်သေးတာပေါ့ မြန်မာမိဘနှစ်ပါးကမွေးပေလို့ဘဲ

အမျိုးဂုဏ် ဇာတိဂုဏ်နဲ့ ယဉ်ကျေးမှု့ အမွေအနှစ်တွေထိန်းသိမ်းတာလား ရောမရောက်လို့ ရောမလိုကျင့်တာလားတော့မသိတော့ပါဘူး
တွံတေး သိန်းတန် ဆိုထားတဲ့ သီးချင်းလေး တစ်ပုဒ် ရဲ့ စာသားကတော့ "မြန်မာမ လေးတွေ ထမီမဝတ်တော့ဘူး မင်းမပါ ပါစေနဲ့ တဲ့ " အခုဟာကတော့ ဟီးဟီး


သူနာမည် ကတော့ ခရစ်ဆီ ၀ဏ္ဏ (Chrissie Wunna) ဖြစ်ပါတယ်။ သူမကို ဒီဇင်ဘာ လ၁၉ ရက် ၁၉၈၀ ခုနှစ်မှာ အင်္ဂလန် နိုင်ငံယောက် ရှိုင်းယားက ဒွန်ကတ်စတာ မြို့မှာ မွေးဖွားခဲ့ပါတယ်။ မိဘ နှစ်ပါးလုံးက မြန်မာလူ မျိုးတွေ ဖြစ်ပြီး ဖခင်ဖြစ်သူ ကတော့ အခုထိ အနုပညာလုပ် ငန်းတွေတစိုက် မတ်မတ် လုပ်နေ တဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်ပြီး ဆရာဝန် တစ်ယောက်လည်းဖြစ်တဲ့ ဦးဝဏ္ဏ ပါတယ်။ ခရစ်ဆီ ရဲ့ ဦးလေးဖြစ်သူ ကတော့ မြန်မာ ပြည်ရဲ့ နာမည်ကျော်တေးရေး

ဆရာမောင်သစ်မင်းဖြစ်ပြီး သူ့ဖခင်ရဲ့  ညီအရင်းဖြစ်ပါတယ်။ ( ရွှေဘို မင်းသားကြီးရဲ့  အဆက်အနွယ် တွေလဲ ဖြစ်ပါတယ်။)

မော်ဒယ် တစ်ယောက် အဖြစ် အသက်မွေး ၀မ်းကျောင်းပြုနေပြီး အမျိုးသား မဂ္ဂဇင်းတွေ ရဲ့ အဖော်အကျွတ် တွေရိုက်တဲ့ Sexy မော်ဒယ် တစ်ယောက် ဖြစ်ပါတယ်။ သူမက Blogger တစ်ယောက်လို့လည်း သိရပါတယ်။ သူမရဲ့ Sexy ပုံလေးတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။ (www.dailystar.co.uk/user_blogs/post/2637/2008/03/03/560)

အင်္ဂလန် နိုင်ငံက ITV 2 ရုပ်သံအစီအစဉ်မှာ ဇန်န၀ါရီလ ၉ ရက်နေ့ ကတည်းက စပြီး တင်ဆက်ပြသနေ ရာမှာ လူကြိုက်များတဲ့ “Paris Hiltons British Best Friend” အစီအစဉ်မှာ နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် ပါရီဟီလ် တန် နဲ့ အတူ ပါဝင်သရုပ်ဆောင်နေ သူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ Blogger တစ်ယောက်လို့လဲ သိရပါတယ်။


























3 comments:

Talachan said...

fri where are you got that i so surprise that im talachanmon are you know me i have asked you about of the macintosh ok i got some knowlage from you thank

Anonymous said...

လူတစ်ယောက်ရဲ့  အသက်မွေးဝမ်းကျောင်း မှု့ တစ်ခု အနေနဲ့  ဘာမှ ကဲ့ရဲ့ စရာ မလို ဘူး လို့  ထင်တယ် ဗျာ ... ဘာဘဲ ပြောပြော မြန်မာလူမျိုး တစ်ယောက် အနေနဲ့  ဘယ်နည်းနဲ့ ဘဲ ဖြစ်ဖြစ် အောင်မြင်ကျော်ကြားအောင် လုပ်နိုင် တာကို တော့ ဂုဏ်ယူ ရလိမ့်မယ် .... ပြည်တွင်းမှာတောင် အဖေါ်အချွတ်တွေ ဖြစ်နေသေးတာ ... ဟောလီဝုဒ် လို နေရာမျိုး မှာ ၀င်တိုးနိုင်တဲ့ အဆင့် နဲ လားဗျာ ... ကျုပ်တော့ အားပေးတယ် ... ဘာလုပ်လုပ် ... ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် သူများထက် ထွန်းပေါက်အောင် လုပ် ...

ရဲရန်အောင်

ဒေါင်းတမာန် said...

အားးးးးးးးး မကျည်းပင်ခေါက်တောင် ဒီမိန်းမထက်လှဦးမယ် ၊ လမ်းမှားပြီးရောက်လာပါတယ် အောင်မယ်လေး ဒီညတော့အိမ်မက်ဆိုးတွေမက်တော့မယ်။ စိတ်ပျက်သွားတယ် စိတ်အရမ်းအရမ်းကို ပျက်သွားတယ်။ ဒီလို မိန်းမ မျိုးတွေက လူနဲ့ စိတ်နဲ့ မကပ်ဘူးဗျ၊ ဆိုလိုတာက သိက္ခာကို ဘယ်လို ထိမ်းရမယ်ဆိုတာမသိကြဘူး ၊ နာဘူးထနေတဲ့  ကျွဲမ မြင်တောင် ဂွေးယားနေတဲ့  လူတွေက လှလိုက်တာ အရမ်း မိုက်တာဘဲ လို့  ပြောလိုက်တာနဲ့  တောင်းတောင် မတောင်းဆိုရသေးဘူး တခါတည်း ချွတ် ပြမယ့် မိန်းမ မျိုး ။ ဒီလို မိန်းမမျိုး သွားယူတဲ့ ကောင်တော့ လှည်းကျိုး ရာသီမရွေးထမ်းပေရော့ဘဲ ။ ယောက်ကျားက အရှေ့ ကထွက်တာနဲ့  မိန်မ က အနောက်မှာ နောက်တယောက်နဲ့ ဖြစ်ချင်သလို ဖြစ်မယ့် မိန်းမမျိုး။

ဆက်ရိုက်လို့ ရပေမယ် လက်ညောင်းလို့  ဒီမှာတင်ဘဲ နားလိုက်ပါ၏။

နေကောင်းပါစေ ညီ။ လာလည်သွားပါတယ်