့ ထူးထူးဆန်းဆန်း အလှူဒါန


Posted on Mar 24 09
ကိတ်မော့စ်ရဲ့ ထူးထူးဆန်းဆန်း အလှူဒါန

မတ်လ (၁၈)ရက်နေ့က ဗြိတိသျှနာမည်ကြီး မော်ဒယ်လ် ကိတ်မော့စ်တစ်ယောက် ထူးဆန်းသော ဒါနတစ်ခုကို ပြုလုပ်ခဲ့သည်။ အသက်(၃၄)နှစ်အရွယ် ဗြိတိသျှအလှမယ်သည် ကလေးသူငယ် စောင့်ရှောက်ရေး ဆေးရုံတစ်ရုံ၏ ရံပုံငွေအတွက် သူမ၏အနမ်းကို လေလံတင်ခဲ့သည်။ Great Ormondလမ်း ဆေးရုံအတွက် ရံပုံငွေအဖြစ် ကိတ်မော့စ်၏အနမ်းကို လေလံတင်ခဲ့ရာ သူမ၏ပရိသတ်ဖြစ်သည့် အမျိုးသားတစ်ဦးက အမြင့်ဆုံးကြေးဖြင့် လေလံဆွဲပြီး ကိတ်မော့စ်ထံမှ အနမ်းလက်ဆောင်ကို ရရှိသွားခဲ့သည်။ ထိုအမျိုးသားသည် နှစ်သက်စွဲလန်းသည့် လှပျိုဖြူထံမှ အနမ်းအား ဈေးပေါပေါနှင့်တော့ မရခဲ့ပေ။



အဆိုပါ အမျိုးသားမှာ ကိတ်မော့စ်ထံမှ ဆုလဒ်ကို ရရှိရန် ပေါင်စတာလင် (၅၀၀၀)ထိ အကုန်အကျခံခဲ့ရကြောင်း သိရသည်။ ထိုရံပုံငွေပွဲသည် Mummy Rocksအမည်ရှိ မိခင်များနေ့ အထိမ်းအမှတ် ရံပုံငွေပွဲတစ်ခုဖြစ်ပြီး ဒါရိုက်တာ စတီဖင်ဝက်ဘ်စတာက ဧည့်ခံကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ထိုပွဲမှ ရရှိလာသော ရံပုံငွေများဖြင့် ကလေးဆေးရုံတွင် လိုအပ်သော ဆေးဝါးနှင့် ကုသမှုအထောက်အကူပြု စက်ကိရိယာများ ၀ယ်ယူလှူဒါန်းသွားရန် ရည်ရွယ်ထားသည်။ ထိုနေ့က ကျင်းပသည့်ပွဲသို့ ကိတ်မော့စ်၏ Celebrityမိတ်ဆွေများဖြစ်သော အော်လန်ဒိုဘလွန်းစ်နှင့် ဆယ်ဒီဖောရက်စ်တို့လည်း တက်ရောက်ချီးမြှင့်ခဲ့ကြသည်။



0 comments: